အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း

Magsimula sa umpisa
                                    

ဟွမ်ရို့သည် မှောင်ခိုစျေးကုန်သည်တစ်ယောက်ဖြစ်ပြီး အစောင့်ကြပ်မစ်ရှင်တစ်ခုအတွင်း ရှန်ယွဲ့က သူနှင့် တွေ့ဆုံးခဲ့ခြင်းဖြစ်သည်။ အပေါ်ယံတွင်တော့ သူသည် လမ်းဘေးက ခုံတန်းလေးတစ်ခုတွင် ထိုင်နေတတ်သည့် အဖိုးကြီးတစ်ယောက် ဖြစ်သည်။ လက်တွေ့တွင်တော့ သူ့တွင် မရေတွက်နိုင်လောက်သည့် မှောင်ခိုစျေးကွက်နှင့် ကျယ်ပြန့်သည့် အဆက်အသွယ်ကွန်ယက်ကြီး တစ်ခု ရှိသည်။

ရှန်ယွဲ့ သူ့ကို ဖုန်းခေါ်ရသည့် အကြောင်းအရင်းမှာ ရှန်ချန်၏ခြေထောက်ကို ကုသရန် အရေးအကြီးဆုံး ပါဝင်ပစ္စည်းဖြစ်သည့် သွေးပုလဲ ကို တောင်းဆိုဖို့ရန် ဖြစ်လေသည်။

ဖုန်းတစ်ဖက်တွင် အဖိုးကြီးတစ်ယောက်သည် စီးကရက်ကို ပြာကို ပုတ်ချလိုက်ပြီး ရှရှတတ လေသံဖြင့် ပြန်ဖြေလာသည်။

" ငါပဲ၊ အယ်... ဒါက ငါ့သီးသန့်ဖုန်းနံပါတ်ပါ၊ မင်းက ဘယ်သူလဲ၊ မင်းပုံက ငါ့အသိတစ်ယောက်နဲ့လည်း မတူပါဘူး"

ရှန်ယွဲ့သည် အရင်က ဟွမ်ရို့နှင့် အလွန်ရင်းနှီးသည့် ခင်မင်မှုတစ်ခုရှိခဲ့သော်လည်း လက်ရှိတွင်တော့ သူမသည် သူမ၏ပြန်လည် မွေးဖွားလာသည့်ကိစ္စကို စောစောစီးစီး မဖော်ထုတ်ချင်သေးပေ။ သူမ တစ်ခွန်းသာပြောလိုက်တော့သည်။

" ငါ့ကို ပုလဲသွေးလို့ခေါ်တဲ့ ဆေးပင်တစ်ပင် ရှာပေး၊ မြန်လေ ကောင်းလေပဲ"

စီးပွားရေး အကြောင်း ဆွေးနွေးသည့်ကိစ္စ ကြားလိုက်ချိန်၌ ဟွမ်ရို့၏မျက်လုံးများသည် စဥ်းလဲစွာ ကျဥ်းမြောင်းသွားတော့သည်။ သူ့မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး ပြုံးလိုက်လေသည်။

" သွေးပုလဲ လား၊ ဒါက ရှာဖို့ မလွယ်ဘူး၊ သူက ဆယ်စုနှစ်တစ်ခုလောက်မှ တစ်ခါပဲ ပေါ်တာ၊ ဂရမ် ပမာဏ သေးသေးလေးကတောင့် ယွမ်သန်းချီ ရှိတယ်"

ဟွမ်ရို့သည် ခေါင်းစဥ်ပြောင်းလိုက်ပြီး စိတ်ဆွပေးလေတော့သည်။

" ဒါပေမယ့် လက်ထဲမှာတော့ တစ်ခု ရှိတယ်၊ ဒါကို လိုချင်တဲ့သူတွေက အများကြီးဖြစ်နေတာပဲ၊ ပြီးတော့ ငါ ဘယ်သူ့ကို ရောင်းလိုက်ရမလဲ မသိဘူး၊ သူဌေးရေ ခင်များ ဒီထူးဆန်းတဲ့ ဆေးပင်ကို ဘာလို့ လိုတာလဲဆိုတာ ငါမသိဘူး၊ အရေးကြီးတယ်ဆိုရင်တော့ ငါ ကူညီနိုင်မှာပါ"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Tahanan ng mga kuwento. Tumuklas ngayon