အပိုင်း - ၂၇ (Extra)(Unicode)

8K 334 4
                                    

           မနက်လင်းအာရုံတက်ချိန်တွင် မသိစိတ်တို့မှသည် သိစိတ်ကူးပြောင်းခြင်းဖြစ်စဉ် နိုးထခြင်းတို့အသက်၀င်လာသည်။အိပ်မှုန်စုံမွှားဖြင့်မျက်လုံးတို့ကိုဖွင့်လိုက်သည်တွင် အမြင်အာရုံတွင်ပေါ်လာသည်က ကုတင်ဘေးကဗီရိုအသေးလေး။အသိစိတ်ကနှိုးဆော်၍ လက်ကဗီရိုပေါ်ကနာရီကိုကြည့်လိုက်စဉ် မနက် ၅နာရီကျော်ကျော်လေးရှိနေပြီ။

        အိပ်ရာနိုးနေသော်လည်း ပြန်အိပ်ချင်မိပြန်သေးသည်။ထိုနေရာ၌လည်း ကြင်သူ့မျက်နှာလေးကြည့်ရင်းအိပ်ပျော်ပြန်ချင်၍ မနိုးအောင်အသာလေးလှည့်လိုက်သည်။မျက်နှာဖူးဖူးလေးကိုအနီးကပ်မြင်ရလျှင်လည်း အချစ်စိတ်တို့ကထပ်မံ‌တောင်းဆိုလာပြန်သည်။"Morning kiss .... Morning kiss...... Morning kiss"။

         မှေးစင်းနေသောမျက်လုံးတို့ကိုပြန်ပိတ်၍ ပါးတော်နုနုကိုနမ်းလိုက်သည်။စနိုးဝှိုက်မင်းသမီးလေးသည် မင်းသားလေး၏အနမ်းတစ်ချက်ကြောင့်နိုးထလာခဲ့သကဲ့သို့ အနမ်းက Alarm သဖွယ်ဖြစ်သွားခဲ့လေသည်။တစ်ဖက်က ဒေါ်သိမ့်ကြည်ကြည်ခိုင်၏မျက်ခွံလေးများလှုပ်ခတ်လာသည်ကိုတွေ့လိုက်ရသဖြင့် ခပ်တိုးတိုးလေးစကားပြောလိုက်သည်။

"ခိုင် မောင့်ကြောင့်နိုးသွားပြီလား"

"သိရင်မေးမနေ‌နဲ့တော့လေ"

       မျက်လုံးမှိတ်ထားဆဲဖြစ်သော်လည်း ပြုံးရင်းပြန်ဖြေရှာသည်။မျက်လုံးပွင့်နေသူထံ ထိုအပြုံးကချက်ချင်းကူးစက်သွားခဲ့သည်။သမုဒယကနှုတ်ခမ်းလေးကိုကိုက်လျက် ပြုံးနေပြန်သည်။မပွင့်သေးသည့် မျက်လုံးလေးများအား မည်ကဲ့သို့ဖွင့်ရမည်ကိုစဉ်းစားနေစဉ် -

"ဘာလို့အစောကြီးထနေတာလဲမောင်"

      ဒေါ်သိမ့်ကြည်ကြည်ခိုင်ဆီမှ နောက်ထပ်အသံသေးလေးမှာ အိပ်ချင်မူးတူးအသံလေးနှောလျက် ထွက်ပေါ်လာပြန်လေသည်။မျက်လုံးမဖွင့်သေးဘဲ အမေးအမြန်းထူနေ‌ပါသော ဇနီးချောကြီးမှာ ချစ်စိတ်ပို၀င်စေပြန်၍ နဖူးပေါ်မှဆံစလေးများက သပ်ပေးလိုက်ပြီး -

"ခိုင့်မျက်နှာကိုကြည့်ဖို့လေ"

"၀က်ကလေးနဲ့တူတဲ့မျက်နှာကိုဓာတ်ပုံရိုက်ထားချင်လို့"

ကြင်နာယုယ ရင်မှာသမုဒယ(Completed)Onde histórias criam vida. Descubra agora