စက်ဘီးလေးတွန်းကာအိမ်သို့ပြန်လာရာလမ်းထိပ်ရောက်သောအခါ မိမိသူငယ်ချင်းသန္တာလှိုင်နှင့်တိုး၍ သန္တာလှိုင်ထော့နဲ့ထော့နဲ့ဖြစ်နေသည်ကိုမြင်ပြီး သူ့ကွမ်းယာဆိုင်လေးမှအပြေးထွက်လာလျက် -
"သမုဒယ နင်ဘာဖြစ်လာတာခြေထောက်က"
"လမ်းမှာလေ ကားတစ်စီးနဲ့တိုက်မိမလိုဖြစ်တာ"
"ဘုရား ဘုရား နင်ဘာဖြစ်သွားသေးလဲ"
"လာ ဆေးခန်းကြမယ် ခဏစောင့် ငါဆိုင်ပိတ်လိုက်ဦးမယ်"
"ဟဲ့ ဟဲ့ ဪ ရပါတယ်သန္တာရယ် ငါခြေထောက်နာသွားရုံပါ"
"နင်နဲ့တိုက်မိမလိုဖြစ်တဲ့ကားပိုင်ရှင်က နင့်ကိုဆေးခန်းလိုက်မပို့ဘူးလား"
"ပို့ဖို့အဝေးကြီး ငါ့တောင်ပိုက်ဆံနဲ့ပစ်ပေါက်သွားသေးတယ် မကျေနပ်ရင်တရားရုံးနဲ့ရှင်းဆိုပဲ ဟား ဟား ဟား"
(သမုဒယ နာကျည်းစိတ်ပျက်မှုတို့နှင့်အတူခြောက်ကပ်ကပ်ရယ်သံတစ်ခုကိုပြုလုပ်ရင်း)"ဟာ ရိုင်းလိုက်တာ နင်ကားနံပါတ်မှတ်မိလား ငါရဲစခန်းမှာအမှုသွားဖွင့်မယ်"
"တော်ပါပြီဟယ် ငါလည်းမှတ်မထားလိုက်ဘူး"
"နောက်ဒါမျိုးတွေမတွေ့အောင်ရှောင်ရုံပေါ့"
"နင့်ဆိုင်နင်နေခဲ့ ငါအိမ်ပြန်တော့မယ်"
"ဖြစ်ရဲ့လား ငါလိုက်ပို့ရမလား"
"နင့်ဆိုင်ပဲနေပါသန္တာရယ် ငါရပါတယ်"
"နင်မနက်ဖြန် ကော်ဖီဆိုင်အလုပ်ရောသွားနိုင်ပါ့မလား"
"နှစ်ရက်လောက်တော့ သူဌေးဆီကခွင့်ယူရမှာပေါ့ဟာ"
"ငါလည်း ဆိုင်သိမ်းရင်နင့်ဆီလာခဲ့ဦးမယ်"
"အေးပါ ကျေးဇူး ငါသွားပြီသန္တာ"
သမုဒယဖြူမှာ အဖွားတစ်ယောက်သာအတူနေရှိပြီး မိဘများမှာငယ်စဉ်အခါကတည်းကဆုံးပါးသွားပြီး ဘ၀ကိုခက်ခက်ခဲခဲရုန်းကန်လာခဲ့ရသောကောင်မလေးဖြစ်သည်။မိဘများမရှိ၍ ကြုံရာအလုပ်အကုန်လုပ်ရင်း ဘွဲ့ယူပြီးသည်အထိ ကိုယ့်ပညာရေးစရိတ်ကိုကိုယ့်ဘာသာရှာခဲ့ရပြီး အောက်သက်ကြေနေသူလည်းဖြစ်သည်။သမုဒယအဖွားမှာ ပန်းနာရင်ကျပ်ရောဂါစွဲကပ်နေပြီး ဆေးဖိုးဝါးခနှင့်အိမ်အသုံးစရိတ်ရရန် သမုဒယမှာနေ့ဘက်ကော်ဖီဆိုင်တွင် waitressလုပ် ညနေခင်းဘက် စက်ဘီးတစ်စီးဖြင့်ပန်းလိုက်ရောင်းရလေသည်။
YOU ARE READING
ကြင်နာယုယ ရင်မှာသမုဒယ(Completed)
RomanceAge gap GL ficလေးတွေကြိုက်ရင်တော့ဖတ်ကြည့်ပါလို့ပြောချင်ပါတယ်🏳️🌈💞(Unicode+Zawgyi)