အထုတ်အပိုးအချို့ကိုတင်ကာ မနက်စောစောစီးစီးသုံးဘီးကားဌားကာ MDအိမ်လိပ်စာအတိုင်းသွားခဲ့လေသည်။သမုဒယအိမ်ရှေ့ရောက်သောအခါ လူခေါ်ခေါင်းလောင်းကိုနှိပ်လိုက်ရာ အသက်ငယ်ငယ်ကောင်မလေးကတံခါးလာဖွင့်ပေးပြီး -
"အစ်မဘယ်သူနဲ့တွေ့ချင်လို့လဲ"
"အစ်မနာမည် သမုဒယဖြူပါ ဒေါ်နွယ်သာကီရဲ့အတွင်းရေးမှုးအသစ်ပါ"
"ဟုတ်ကဲ့ပါ အစ်မ မမလေးပြောထားပါတယ်"
"အေးအေးနဲ့လိုက်ခဲ့နော်"
"အင်း ညီမလေး"
သမုဒယအထုတ်အပိုးများကိုဆွဲရင်းခြံဝင်းကျယ်ကြီးကိုဖြတ်ကာ အိမ်ကြီးဆီသို့လိုက်သွားလေသည်။အိမ်ကြီးမှာခန့်ညားထယ်ဝါလှပြီး ခြေပင်နင်းရက်စရာမရှိအောင်လှပလွန်းသည်။သမုဒယအားအေးအေးက အောက်ထပ်မှအခန်းတစ်ခုထဲသို့ခေါ်သွားရင်း -
"အစ်မနေရမှာဒီအခန်း"
"ညာဘက်က မမလေးအခန်း"
"ဦးမင်းကအပေါ်ထပ်မှာနေတယ်"
"ဦးမင်းဆိုတာ......"
(သမုဒယမသိနားမလည်ဟန်ဖြင့်မေးလိုက်ရာ)"ဪအဲ့တာမမလေးရဲ့အစ်ကို ဦးမင်းကျော်စွာကိုပြောတာပါ"
"ဪ ဪ ဒီအိမ်မှာအေးအေးရယ် ထမင်းချက်ဒေါ်တုတ်ရယ် ဒရိုင်ဘာရွှေရိုးရယ် အဲ့တာလူကုန်ပဲအစ်မ"
"တစ်ခုခုခိုင်းစရာရှိရင် အေးအေးကိုလည်းပြောလို့ရတယ် ဒေါ်တုတ်ကိုလည်းပြောလို့ရတယ်"
"ကျေးဇူးပါညီမလေးရေ အစ်မအေးအေးလို့ပဲခေါ်မယ်ရတယ်မလား"
"ရတာပေါ့အစ်မ အေးအေးကလည်းမမဖြူလို့ပဲခေါ်မယ်လေ"
"ကောင်းတယ် ကောင်းတယ်"
"ဪ မမလေးက ၈နာရီရုံးတက်တာမို့မမဖြူ အခုကတည်းကပြင်ဆင်စရာရှိတာပြင်ထားမှတော်ကာကျမယ်"
"သူကသိပ်အပေါက်ဆိုးတာအစ်မရေ အေးအေးတို့တောင်ကြည်လိုက်မကြည်လိုက်"
"အစ်မလည်း MDနဲ့တစ်ခါစကားများဖူးသေးတယ် သူ့ကားနဲ့တိုက်မိမလိုဖြစ်တာအစ်မကို ပြောဆိုလွှတ်တာ"
YOU ARE READING
ကြင်နာယုယ ရင်မှာသမုဒယ(Completed)
RomanceAge gap GL ficလေးတွေကြိုက်ရင်တော့ဖတ်ကြည့်ပါလို့ပြောချင်ပါတယ်🏳️🌈💞(Unicode+Zawgyi)