ပိတ်ရက်ရောက်တိုင်း အိမ်တွင်လူစုံသည့်အတွက် သမုဒယခြံထဲတွင်အေးအေးတို့ကိုဝိုင်းကူကာ ခြံသန့်ရှင်းရေးလုပ်နေသည်။လေတိုက်ထား၍ သစ်ရွက်ခြောက်တို့မှာလှည်းလေထွက်လေဖြစ်နေသည်။သစ်ရွက်ခြောက်များကိုတောင်းတစ်ခုအတွင်းသေချာထည့်ကာ ရှင်းလင်းနေသည်။ရွှေရိုးမှာပန်းအိုးများကိုနေရာရွေ့ခြင်း ပန်းအိုးအသစ်များထဲသို့ပန်းပင်အသစ်များထည့်ခြင်း မြေဆြွခင်းတို့ကို ချွေးတမြိုက်မြိုက်နှင့်လုပ်နေသည်။
ဒေါ်တုတ်က ဖျော်ရည်ခွက်များယူလာကာ သမုဒယတို့သုံးယောက်အတွက်လာချပေးလေသည်။မောပန်းနေသောသုံးယောက်သား ဖျော်ရည်ခွက်များကိုသောက်ချလိုက်သည်။ထို့နောက် ခြံထဲကအရိပ်ရသောသရက်ပင်ကြီးအောက်တွင် ထိုင်ကြရင်း စကားစမြည်ပြောဆိုကြလေသည်။
"အစ်မ အစ်မကိုဆို မမလေးက ဆက်ဆံတာကျွန်တော်တို့နဲ့မတူဘူးနော်"
(ရွှေရိုး)"ဘယ်လိုမတူတာလဲရွှေရိုးရ"
(သမုဒယ)"ကျွန်တော်တို့ဆို မျက်နှာထားကြီးတင်းနေတာပဲ အစ်မဆိုမျက်နှာကနည်းနည်းပြုံးပြုံးပြီးပြောတာ ကျွန်တော်သတိထားမိတယ်"
(ရွှေရိုး)"အေးအေးလည်းသိတယ် ဟိုနေ့ညတုန်းကမမလေးက မမဖြူကိုသံပုရာရည်ဖျော်တိုက်တုန်းက တကယ်အံ့နေတာ"
(အေးအေး)"ဟင် အေးအေးဘယ်လိုသိတာလဲအဲ့တာကို"
(အေးအေး)"အေးအေးအဲ့ဒီညကတရေးနိုးလို့ ရေအိမ်သွားမလို့အသံကြားဝာနဲ့ မီးဖိုခန်းထဲချောင်းကြည့်ရင်းသိတာ"
(အေးအေး)"မမလေးကအရင်ကလည်း မိန်းကလေးချင်းကြိုက်တတ်တာ မမဖြူသိလား မမဖြူရောသူ့စာရင်းထဲရောက်နေပြီလားမသိဘူး"
(အေးအေး)"အေးအေးပြောတာဟုတ်တယ်သမုဒယ သူအရင်ကကောင်မလေးတွေအိမ်ကိုခဏခဏခေါ်လာဖူးတယ် ပြီးရင်သူ့ရည်းစားလို့ပြောတာပဲ"
(ဒေါ်တုတ်)"ဦးမင်းရောသိလားဒေါ်တုတ်"
(သမုဒယ)"မသိပဲနေပါ့မလား မသိချင်ယောင်ဆောင်နေတာ သူ့ညီမအကြောင်းသူသိလို့မပြောတာ"
(ဒေါ်တုတ်)
![](https://img.wattpad.com/cover/301410532-288-k95873.jpg)
YOU ARE READING
ကြင်နာယုယ ရင်မှာသမုဒယ(Completed)
RomanceAge gap GL ficလေးတွေကြိုက်ရင်တော့ဖတ်ကြည့်ပါလို့ပြောချင်ပါတယ်🏳️🌈💞(Unicode+Zawgyi)