Episode - 1(Unicode)

29.9K 1K 24
                                    

တစ်ခါတစ်ရံချမ်းသာခြင်း ဆင်းရဲခြင်းဟူသောဘ၀အခြေအနေများသည် အတိတ်ကံအကျိုးပေးကြောင့်သော်လည်းကောင်း ပစ္စုပ္ပန်ကံကြောင့်သော်လည်းကောင်း လူသားတို့အပေါ်များစွာသက်ရောက်မှုရှိလေသည်။ချမ်းသာသည့်သူများကချမ်းသာသည့်အလျောက် ငွေကိုရေလိုသုံးနိုင်ကြသကဲ့သို့ ဆင်းရဲသည့်အလွှာများမှလူများမှာလည်းတစ်ပြားကိုနှစ်ပြားမှတ်ခွာကာ
ခြွေတာကြရသည်။

ထိုကဲ့သို့မတူညီခြင်းများအပေါ် မကျေမနပ်ဖြစ်နေလျှင်မရ။ဆင်းရဲသူကချမ်းသာအောင် ဥစ္စာကိုကြိုးစားရှာဖွေစုဆောင်းရသကဲ့သို့ ချမ်းသာသူကလည်းဆင်းရဲတွင်းသို့ပြန်မကျရန် ဥစ္စာကိုပို၍တိုးပွားအောင်ကြံဆောင်ရပေသည်။မည်သို့ပင်ဆိုစေကာမူ လောကကြီးမှာမည်သူ့ကိုမှဘက်လိုက်ခြင်းမရှိပဲ အလုပ်မလုပ်ပဲရွှေဘုံပေါ်စံရသည့်သူဆိုသည်မှာမရှ်ိလောက်အောင် အားလပ်ချိန်မပေးခဲ့ပါ။

လူချင်းတူသော်လည်းကံချင်းမတူသည့် မိုးကျရွှေကိုယ်လူတန်းစားများကလည်း ခေတ်အဆက်ဆက်တည်ရှိလာခဲ့ကြသည်။သာမန်လက်လုပ်လက်စားများအတွက်တစ်လစာသည် ထိုသူတို့၏တစ်ရက်တာအသုံးစရိတ်မျှသာဖြစ်သည်။ငွေကြောင့်ငွေဂုဏ်မောက်ကာ ငွေရှိလျှင်အရာရာကို ငွေကြေးဖြင့်ပစ်ပေါက်၀ယ်နိုင်ကြောင်းယုံကြည်ထားသော ဒေါ်နွယ်သာကီဟူသောအမျိုးသမီးတစ်ယောက်ရှိခဲ့သည်။

ဒေါ်နွယ်သာကီဟူသောအမျိုးသမီး၏ အတ္ထုပ္ပတ္တိအကျဉ်းကိုပြောရမည်ဆိုလျှင်သူဌေးမျိုးရိုးမှဆင်းသက်လာပြီး ရွှေလင်ပန်းနှင့်အချင်းဆေးသည်ဟုပြောရပေမည်။မျိုးရိုးစဥ်ဆက်ရေနံတွင်းများပိုင်ဆိုင်ပြီးလက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ရာ ခေတ်မှီဖွံ့ဖြိုးတိုးတက်သောခေတ်စနစ်တို့နှင့်အတူ ဒေါ်နွယ်သာကီ၏မိဘများလက်ထက်တွင် နိုင်ငံခြားသို့Exportလုပ်နိုင်သည်အထိကျယ်ပြန့်လာသည်။ဒေါ်နွယ်သာကီမှာဦးမင်း‌ကျော်စွာဟူ‌ သော မွေးချင်းအစ်ကိုတစ်ယောက်ရှိပြီးရေနံကုမ္မဏီကို ဦးမင်းကျော်စွာကဦးဆောင်သည်။ဒေါ်နွယ်သာကီကမူ တစ်စင်ခွဲထွက်ကာ Medicine Companyကို‌တည်ထောင်ခဲ့သည်။Healthy lifeဆိုလျှင်ဆေးCompanyလောကတွင်မသိသူရှားသည်။

ကြင်နာယုယ ရင်မှာသမုဒယ(Completed)Where stories live. Discover now