Episode - 15(Unicode)

8.2K 546 12
                                    




တစ်ရွာမကောင်းသူကောင်းမဖြစ်ဟူသောဆိုရိုးစကားနှင့်အညီ သန္တာ၏အဆက်အသွယ်မှတစ်ဆင့်သမုဒယတစ်ယောက် ဒေါ်နွယ်သာကီနှင့်ဝေးရာကို ပျောက်ကွယ်သွားသည်မှာ တစ်နှစ်ခန့်ကြာခဲ့ပြီ။ဤအချိန်ကာလသည် သမုဒယရင်ထဲမှအစိုင်အခဲတချို့ကို ရှင်းထုတ်ရန်လုံလောက်သောအချိန်တစ်ခုဖြစ်ခဲ့ပြီး သမုဒယတွင်လည်းယခုအခါ အေးချမ်းရိုးရှင်းသောဘ၀လေးတစ်ခုရရှိနေပြီဖြစ်သည်။


သမုဒယနေထိုင်သည့်ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှာ သမုဒယအရင်နေခဲ့သည့်မြို့နှင့် နေ့တစ်၀က်လောက်မောင်းမှရောက်‌သည်။မြို့ပြနှင့်လှမ်းပြီး အေးချမ်းဆိတ်ငြိမ်၍ ဘိုးဘွားများအတွက်ဘ၀နေ၀င်ချိန်၌ တရားဘာ၀နာကိုလွတ်လပ်စွာပွားများအားထုတ်နိုင်သည့်နေရာလေးတစ်ခုဖြစ်သည်။ဘိုးဘွားများအတွက် အလှုရှင်များကလည်းတဖွဲဖွဲပင်။မွေးနေ့ မင်္ဂလာနှစ်ပတ်လည်စသည်ဖြင့် အစရှိသဖြင့်ခေါင်းစီးအမျိုးမျိုးဖြင့်လာရောက်လှုဒါန်းကြရာ ရိပ်သာမှာအဆင်ပြေပြေလည်ပတ်နေခဲ့သည်။



သမုဒယထိုနေရာသို့ရောက်ကတည်းက ဘိုးဘွားများ၏ဝေယျာ၀စ္စများကိုလုပ်ပေးရင်း ဘိုးဘွားများနှင့်အတူ ရှေးဟောင်းနှောင်းဖြစ်များနားထောင်ရင်း ဘိုးဘွားများနေမကောင်းရင်ပြုစုကာ သူ့နေ့ရက်များမှာထိုကဲ့သို့ရိုးရှင်းစွာကုန်ဆုံးခဲ့သည်။အဘိုးအဖွားများထဲတွင် ဟာသဉာဏ်ရှိသူများလည်းပါရာ တစ်ခါတစ်ရံတွင်သမုဒယအားဝိုင်းစကြလေသည်။


"သမုဒယ သမီး"


"ရှင် အဘ"



"ညည်းအပျိုကြီးပဲလုပ်တော့မှာလား"



"အဘကလည်း မလုပ်ပါဘူး"



"ဒါဆိုလုပ်တော့လေ ကိုကိုမောင်မောင်ခေါ်စရာလေး"



"အဘကလည်း သမုဒယကမထားချင်လို့ပါနော် ခုထားခုရ"


"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီဗျာ"


အပြုံးလေးနှင့်ရင်ထဲကဒဏ်ရာဒဏ်ချက်တို့ကိုဖုံးကွယ်တတ်သည်မှာ သမုဒယအတွက်အလေ့အကျင့်လိုဖြစ်နေခဲ့သည်။ယခုအခါ သမုဒယဘ၀သည် ဒေါ်နွယ်သာကီကြောင့်ဂယက်ထနေရာမှ တည်ငြိမ်ခဲ့ပြီဖြစ်သောရေပြင်အသွင်ကဲ့သို့ အရာရာကိုတည်တည်ငြိမ်ငြိမ်ကျော်လွှားတတ်နေပြီဖြစ်သည်။အချိန်သည် စိတ်ဒဏ်ရာတို့ကိုကုသပေးနိုင်သောတစ်ဦးတည်းသောသမားတော်ဖြစ်ဟန်တူသည်။



ကြင်နာယုယ ရင်မှာသမုဒယ(Completed)Where stories live. Discover now