Episode - 7(Unicode)

10.6K 715 9
                                    


Dinnerသွားရမည့်အချိန်ရောက်၍ သမုဒယသူမနှင့်အတူ ဖိတ်ကြားထားရသည့် Hotelသို့သွားရလေသည်။ဖိတ်ကြားခံရသည့်ပွဲမှာ မင်္ဂလာနှစ်ပတ်လည်ပွဲဖြစ်ပြီး သူမ၏သူငယ်ချင်းနှစ်ဦးဖြစ်သော ဦးကျော်ကျော်+ဒေါ်လှလှမျိုး တို့၏ နှစ်၂၀မြောက်မင်္ဂလာနှစ်ပတ်လည်ဖြစ်သည်။အခမ်းအနားတစ်ခုလုံးသက်လတ်ပိုင်းအရွယ် လူကြီးများသာတွေ့ရလေသည်။

သမုဒယမှာသူမဘေးနားကိုကပ်လျက်လိုက်လာရင်း သူမက အနားမှခွာလို့ရကြောင်းပြော၍ သမုဒယပွဲအတွင်းမှ သူမနှင့်မလှမ်းမကမ်းမှထိုင်ခုံအလွတ်တစ်လုံးတွင်၀င်ထိုင်လိုက်သည်။သူမမှာ မိတ်ဟောင်းဆွေဟောင်းများနှင့်တွေ့နေ၍ သမုဒယကို‌ပင်မေ့နေပုံရသည်။

"ကျော်ကျော် မျိုး Congratulations"

"အေးပါ နင်လည်းခုထိမယူသေးဘူးလား ဒီချိန်ယူတောင် ကလေးရဖို့မသေချာဘူး"
(ဒေါ်လှလှမျိုး)

"အေးဟ ငါ့သားအကြီးကောင်တောင်လူပျိုဖြစ်နေပြီ"
(ဦးကျော်ကျော်)

"နင်တို့ကလည်းငါ့မြင်တာနဲ့ဒါပဲပြောနေကြတာ"
(ဒေါ်နွယ်သာကီ)


"ငါ့ဘာသာတစ်ကိုယ်တည်း အပျိုကြီးအပူမရှာချင်လို့နေတာ နင်တို့လိုသားကျွေးမှုမယားကျွေးမှု‌တွေကိုစိတ်ကုန်လို့"
(ဒေါ်နွယ်သာကီ)


"အဲ့တာလောကစည်းစိမ်မိနွယ်ရ"
(ဦးကျော်ကျော်)

"ငါကတော့ လောကငရဲလို့ပဲထင်တယ်"
(ဒေါ်နွယ်သာကီ)

"ရော......ဒီအပျိုကြီးကတော့တရားဟောလို့မရ တရားချလို့မရ လှလှရေ ကြည့်ပြောပါဦး"
(ဦးကျော်ကျော်)

"နင့်ကိုခုထိခန့်ထက်ဇော်ကစောင့်နေတုန်းမလား အချိန်ရှိတုန်း ဆွဲထားမိနွယ် ဆေးပေးမီးယူလေး"

(ဒေါ်လှလှမျိုး)

"နင်တို့နှစ်ယောက်လုံးဒါပဲပြောနေမယ်ဆိုငါပြန်တော့မယ်"
(ဒေါ်နွယ်သာကီ)

"စိတ်တော်ကိုနည်းနည်းလျော့ပါမနွယ်သာကီရယ် ကျောင်းကသူငယ်ချင်းတွေကနင့်ကိုတွေ့ချင်လို့တဲ့ Table 4မှာစောင့်နေတယ်"
(ဒေါ်လှလှမျိုး)


ကြင်နာယုယ ရင်မှာသမုဒယ(Completed)Wo Geschichten leben. Entdecke jetzt