Episode - 14(Unicode)

8K 576 23
                                    


စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုများစွာထဲက မင်္ဂလာပွဲကိုသမုဒယတက်ခဲ့ပါသည်။လူချမ်းသာတို့၏ လက်ထပ်ပွဲဖြစ်၍ကြီးကျယ်ခမ်းနားလွန်းလှပြီး ဂုဏ်သရေရှိအလွှာများမှာ နေရာစုံ၌ရောက်ရှိနေကြပေပြီ။သမုဒယနှင့်သန္တာလည်း ထိုပွဲအတွင်းရောက်ရှိနေခဲ့ပေပြီ။


ဟိုတယ် Hallထဲတွင်နာမည်ကြီးအဆိုတော်များ အနုပညာရှင်များလည်းရောက်ရှိနေပြီး ပွဲကိုလာရောက်သောပရိသတ်များအားဖျော်ဖြေနေလေသည်။သမုဒယနှင့်သန္တာမှာ Stageနှင့်ခပ်ဝေးဝေးကစားပွဲတွင်ထိုင်နေရာ မကြာမီပင် မင်္ဂလာတေးသွားကိုစန္ဒယားဖြင့်စတင်တီးခတ်သံကြား၍ ခန်းမအ၀င်ပေါက်ကိုလှမ်းကြည့်လိုက်ရာ ဦးခန့်ထက်ဇော်လက်ကိုချိတ်ကာ မင်္ဂလာပွဲအတွင်းသို့လျှောက်လာသောသူမကအဖြူရောင်ဂါ၀န်ကြီးကို၀တ်ကာလှပနေသည်မှာ သမုဒယရင်ထဲကိုမြှားအစင်းပေါင်းများစွာလာစိုက်နေသကဲ့သို့ ရက်စက်နာကျင်လွန်းလှသည့်အလှမျိုးဖြစ်လေသည်။


မင်္ဂလာတီးလုံးနှင့်အတူ မင်္ဂလာစင်မြင့်ဆီသို့တရွေ့ရွေ့လှမ်းလာသောသူမကိုကြည့်ရင်း သမုဒယမျက်ရည်များဝဲလာခဲ့သည်။တစ်ချိန်ကသူအမြတ်နိုးဆုံးအမျိုးသမီးမှာ အခြားသူလက်ကိုတွဲကာ မင်္ဂလာအခမ်းအနားကိုဆင်နွှဲနေခဲ့သည်။စိတ်ရှိတိုင်းသာဆိုလျှင် မင်္ဂလာပွဲကိုထဖျက်လိုက်ချင်သည်။သို့သော် သမုဒယသူ့အိပ်မက်တွေကိုမဖျက်ဆီးရက်။ခက်ခက်ခဲခဲတည်ထောင်လာခဲ့ရသော Companyကိုကယ်တင်ရန် သူမသိက္ခာကိုအဖတ်ဆယ်ရန်ဟူသောစကားများနားထဲသို့ ကြားယောင်လာပြီး ရှေ့ကရေခွက်ထဲမှရေများကိုသာ သောက်ချမိနေတော့သည်။


မင်္ဂလာမောင်နှံမှာသမုဒယတို့စားပွဲနားမှဖြတ်သွားစဉ် သူမကသမုဒယကိုတစ်ချက်ကြည့်သွားပြီး ချက်ချင်းအကြည့်လွှဲလျက် စင်မြင့်ဆီသာဦးတည်လျှောက်လှမ်းသွားလေသည်။စင်မြင့်ပေါ်ရောက်သောအခါ မင်္ဂလာမောင်နှံမှာ မင်္ဂလာကိတ်ခွဲခြင်းနှင့်အတူ ရှန်ပိန်ပုလင်းများဖောက်ကာဂုဏ်ပြုခြင်းကိုပြုလုပ်ကြလေသည်။
အောက်ကထိုင်ကြည့်နေရသော သမုဒယမှာ လက်သီးကိုတင်းတင်းဆုပ်ကာ အံကြိတ်ကြည့်နေရုံကလွဲပြီး မတတ်နိုင်ခဲ့။


ကြင်နာယုယ ရင်မှာသမုဒယ(Completed)Where stories live. Discover now