Episode - 24(Unicode)

8.7K 535 13
                                    




နေပူခြစ်ခြစ်တောက်ပူလောင်နေသောရာသီဥတုနှင့်အတူ သမုဒယ၏မထွေးနိုင်မအံနိုင်အချစ်တို့ကလည်းဆတူလောင်ကျွမ်းနေသည်။ဒေါ်သိမ့်ကြည်ကြည်ခိုင်အပေါ်သူထားသည့်မေတ္တာ၏အတိမ်အနက်ကို သိအောင်ပြောပြချင်သော်လည်း မိမိမှာသူမအတွက်အဖော်သဟဲမဖြစ်နိုင်မှန်းသိ၍ မပြောဖြစ်ပေ။သမုဒယချစ်ခဲ့ဖူးသည်။သို့သော် သူမအပေါ်ထားသော သမုဒယမေတ္တာစိတ်က အလွန်ဝာရာနူးညံ့ပြီး ထိရှအက်ကွဲလွယ်သည့်မေတ္တာစိတ်မျိုးဖြစ်သည်။မပြောပဲနေခြင်းက သူမအနားအကြာကြီးနေနိုင်သေးသည်။ပြောလိုက်မှ ပိုဆိုးသည့်အခြေအနေကိုရောက်ကာ အဝေးကိုလွင့်စင်ခြင်းမျိုးကိုမခံစားနိုင်၍ ရူးရမည်။



လိုက်ကာဖွင့်ထား၍ အပြင်ဘက်ကနေ၏အရှိန်ကို မှန်အကြည်မှတစ်ဆင့်အခန်းထဲမှမြင်ရသော်လည်းတံခါးအလုံပိတ်ထားသဖြင့်အခန်းထဲမှာ air-conအအေးနှင့်အေးနေသည်။နွေဥတုမှာအဆွေးဓာတ်ခံရှိသူတို့အဖို့ဆွေးလို့အကောင်းဆုံးရာသီတစ်ခုဖြစ်၍ သမုဒယ၌လည်းအဆွေးခံစားချက်ရှိနေပြီးဖြစ်၍ တွေးနေဆွေးနေခဲ့စဉ် ခေါင်းအုံးပေါ်တင်ထားသောဖုန်းမှ Vibrationသံကိုကြားရသည်။ဖုန်းလာနေသဖြင့်‌ကြည့်လိုက်စဉ် MDဟူသောစာလုံးကိုမြင်လိုက်စဉ် သမုဒယသွေးများအထက်အောက်ပြောင်းပြန်စီးသကဲ့သို့ဖြစ်ကာ ဒေါသထွက်သွားပြီး ဖုန်းကိုင်လိုက်ရာ -


"သမုဒယ"


"မတွေ့တာကြာပြီ မင်းတော်တော်ပုန်းနိုင်သား"


"အဲ့တာသမုဒယကိစ္စပါ MDဘာပြောစရာအထွေအထူးရှိလို့လဲ မရှိရင်ဖုန်းချလိုက်ပြီ"


"နေပါဦး နေပါဦး"


"တို့မင်းနဲ့တွေ့ချင်တယ် တို့Messageပို့တဲ့ဆိုင်ကိုလာခဲ့ပါ မင်းနဲ့အေးအေးဆေးဆေးစကားပြောချင်တယ်"



"ကောင်းပြီလေ နားထောင်တာပေါ့"


"မင်းဖုန်းနံပါတ်ကိုတို့ဆက်မလို့ဆက်မလို့နဲ့လတော်တော်ကြာသွားတယ်"


"မင်းရောက်နေတဲ့အိမ်ကိုလည်းတို့သိတယ် မင်းကတို့ကိုပုန်းနေတော့လည်း တို့ရအောင်ရှာရတာပေါ့"



ကြင်နာယုယ ရင်မှာသမုဒယ(Completed)Where stories live. Discover now