Episode - 12(Unicode)

9.1K 599 21
                                    



"Helloကိုကို"

"မိနွယ် နင်ဘယ်လိုလုပ်နေတာလဲ နင်CEOနေရာကဆင်းချင်နေပြီလား"



"ကိုကို ဘာတွေပြောနေတာလဲ"


"ငါဘာပြောနေလဲသိချင်ရင် ငါနင့်mailထဲကိုပုံပို့လိုက်မယ်"


"သတင်း websiteမှာတင်ထားတွေနင်ဖတ်ကြည့်လိုက်"



"နင့်သတင်းကအခုချိန်မှာ Internetမှာ popular searchဖြစ်နေပြီ"



"နင်နေချင်သလိုနေတာငါမပြောဘူး ငါတို့မိသားစုကိုအိုးမဲသုတ်မယ့်ကိစ္စမျိုးတော့ငါမခွင့်မလွှတ်ဘူးမိနွယ်"




"နင်ရပ်တန်းကရပ်"



စောစောစီးစီးမာန်မဲခံလိုက်ရ၍ Laptopဖွင့်၍ Mailစစ်လိုက်စဉ် ဦးမင်းကျော်စွာပို့လိုက်သော သတင်းWebsiteမှပုံများကိုတွေ့လိုက်ကာ ဒေါ်နွယ်သာကီအလန့်တကြားဖြစ်သွားလေသည်။သမုဒယကိုကားထဲ၌ နမ်းနေသောပုံများဖြစ်ပြီး ရေးထားသည်မှာလည်း ကြမ်းပိုးကိုလိပ်လုပ်ထားသောအရေးအသားများဖြစ်သဖြင့်ဖတ်ရင်း ဒေါသအလိပ်လိပ်ထွက်နေတော့သည်။

သမုဒယလည်း Facebookသုံးရင်း ထိုသတင်းနှင့်ပုံများကိုမြင်၍ သူမအခန်းထဲတန်းပြေး၀င်လာရာ -

"အန်တီ"

"သမုဒယတို့..."


"ငါသိတယ်"



"မင်းသွားတော့"


"ဟုတ်ကဲ့"


သမုဒယစကားမဆုံးခင်အနှင်ခံလိုက်ရ၍ ကုပ်ကုပ်ကလေးပြန်ထွက်လာခဲ့သည်။သူမမျက်နှာထားမှာလည်းခါတိုင်းနှင့်မတူ ခက်ထန်နေပြီး သမုဒယအားပြစ်တင်ရှုတ်ချလိုဟန်လည်းရှိသည်။ဖြစ်ခဲ့သောကိစ္စတွင်သမုဒယအမှားမပါပဲ မည်သို့မည်ပုံဓာတ်ပုံကိုမီဒီယာများထံရောက်သွားသည်မသိနိုင်ပေ။သို့သော်သမုဒယခမျာ အသားလွတ်အမဲခံရသလိုဖြစ်နေသည်။

ထိုကိစ္စကြောင့် သမုဒယအင်တာနက်သုံးနေရင်း လင်းလက်ပိုင် သန္တာတို့ရှိသော group chatတွင် စာများကတစ်တောင်တောင်၀င်လာလေသည်။

"ဟဲ့ သမုဒယနင်နဲ့သူဌေးမကြီးသတင်းက ဘယ်လိုဖြစ်ရတာလဲ"
(Thandar)



ကြင်နာယုယ ရင်မှာသမုဒယ(Completed)Where stories live. Discover now