နူးညံ့လွန်းသော စကားလုံးများကြောင့် ရန်ချန်း၏ စိတ်ထဲ နူးညံ့ပျော့ပျောင်းလာခဲ့၏။ ထိုစကားလုံးများကို စိုးရိမ်စိတ်နှင့် သနားစိတ်ကြောင့် ပြောနေခြင်းမှန်း သူသိသည်။ သို့သော် သူ၏ နှလုံးအိမ်ထဲ အပူလှိုင်းများ ကြွတက်လာရသည်။

“ကိုယ် သေကြောင်းကြံမှာ ကြောက်နေတာလား..?”

ခြူးမုယွင်က အသံတိတ်နေခဲ့လေသည်။

ထိုလူသားလေး မျက်လွှာချသွားပုံကို ကြည့်ရင်း ရန်ချန်းမှာ အသည်းတယားယားဖြင့် ဖက်နမ်းချင်လာတော့သည်။ သို့သော် ထိုသို့လုပ်လိုက်လျှင် ရေငတ်နေချိန် အဆိပ်သောက်မိသလိုသာ ဖြစ်သွားလိမ့်မည်။ သို့ဖြစ်ရာ သူ့ကိုယ်သူ ချုပ်တည်းထားရင်း..

“ကိုယ်က ရှဲ့ချင်းလန်လို ငတုံးမဟုတ်ဘူး.. ဘာလို့ သေရမှာလဲ..?”

ခြူးမုယွင်ကို အယုံသွင်းချင်ရင် ဘယ်လိုလုပ် ဒီလောက်လွယ်ကူပါ့မလဲ..?

ရန်ချန်းသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်ရင်း လက်နှစ်ဖက်ကို သွယ်ယှက်ကာ အေးတိအေးစက် ပြောလာသည်။

“ကိုယ်က အဲ့လောက်မမိုက်မဲဘူး.. ကိုယ်သေသွားရင် ဘာမှရလိုက်မှာမဟုတ်ဘူး.. ဒီလဝက်လောက်တော့ မင်းကို လောဘကြီးဦးမယ်.. ကိုယ်တတ်ထားသမျှ အတတ်နိုင်ဆုံး သင်ပေးမယ်.. ပြီးရင်တော့ မင်းကို လက်လွှတ်ပေးမှာပါ.. မင်းက ကိုယ့်ကို မချစ်သလို တခြားဘယ်သူ့ကိုမှ မချစ်ဘူးလေ.. အဲ့လိုတွေးကြည့်ရင် ကိုယ်တို့အားလုံး အတူတူနဲ့အနူနူချည်းပါပဲ.. အဲ့တော့ ရန်ဖြစ်နေမယ့်အစား မျက်နှာချင်းဆိုင်ထိုင်ပြီး ရှင်းရှင်းလင်းလင်း ပြောကြတာ မကောင်းဘူးလား..”

ဤကား အမှန်တရားပင်။ ရန်ချန်းသည် တကယ့်ကို သွေးအေးလွန်းပြီး တစ်ကိုယ်ကောင်းဆန်သော လူစားမျိုးပင်။

ယခင်ကလည်း ရေခဲဝိဉာဉ်သားရဲလေးက သူ့အပေါ် အများကြီး ပေးဆပ်ခဲ့သည့်တိုင် သူကတော့ အေးတိအေးစက် မျက်နှာထားဖြင့် သားရဲလေးကို ဆက်လက်လမ်းလွဲစေခဲ့သည်။

ခြူးမုယွင်သည် ဆင်ခြင်တုံတရားအရ ရန်ချန်း မသေနိုင်မှန်း သိနေပါသော်လည်း ခံစားချက်အရ ‘ရန်ချန်း သေသွားနိုင်သည်’ဟု မတွေးဘဲ မနေနိုင်ခဲ့ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now