အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်

Почніть із самого початку
                                    

ရှန်ယွဲ့သည် ရှန်ချန်ကို ဘေးက ထိုင်ခုံတွင် ဆွဲထိုင်လိုက်ကာ ပြောလိုက်၏။

" ငါ နင့်ကို နောက်ဆုံးတွေ့လိုက်တုန်းက နင့်မှ ဒီဖိနပ်ပုံတွေ အများကြီးရှိတယ်လေ၊ ဒါကြောင့် ဖိနပ်ဝယ်ပေးဖို့ နင့်ကို ဒီအရင်ခေါ်လာတာ"

ရှန်ချန်သည် လွန်ခဲ့သည့် သုံးနှစ်ကာ ဖိနပ်အထူးထုတ်ဆိုင်ကို ဖြတ်သွားရင်း အနက်နှင့် ရွှေရောင်စပ်ထားသည့် အားကစားဖိနပ်ကို မတော်တဆတွေ့ ခဲ့ရသည်။ သို့သော် သည်ဖိနပ် တစ်ရံသည် ယွမ် ၆သောင်းကျော် တန်သည်ကို သိလိုက်ရလေသည်။ သူသည် အလွန်ထိတ်လန့်သွားပြီး အားငယ်စိတ်ဖြင့် စိတ်ပျက်လက်ပျက် ဆိုင်ထဲက ထွက်လာခဲ့ရသည်။

နောက်ပိုင်း သူသည် ကားမတော်တဆမှု ဖြစ်ခဲ့ပြီး သူ့ညာဖက်ခြေထောက်မှာ တစ်သက်လုံး မသန်မစွမ်း ဖြစ်လာတော့သည်။ သူသည် ဘတ်စကက်ဘောကို မကစားနိုင်တော့သလို လမ်းလည်း ကောင်းကောင်း မလျှောက်နိုင်တော့ချေ။ ထိုအချိန်ကတည်းက ရှန်ချန်သည် သူ့အကြိုက်ဆုံး အနက်နှင့် ရွှေရောင်စပ်ထားသည့် အားကစားဖိနပ်ကို စိတ်ထဲတွင်သာ သိမ်းထားလိုက်တော့သည်။ မကြာခဏဆိုသလို ထုတ်ကြည့်တတ်ပြီး သူ့စိတ်ထဲတွင်တော့ နှမြောသတဖြစ်နေရလေသည်။

သူ၏အလွန်သိုသိပ်သည့်လျှို့ဝှက်ချက်ကို ရှန်ယွဲ့ သိသွားပြီး သူ့အိပ်မက်ကို ဖြည့်ဆည်းပေးလိမ့်မည်ဟု ရှန်ချန် ထင်မထားခဲ့ချေ။ အခိုက်တန့်အတွင်း ရှန်ချန်သည် မထိန်းနိုင်တော့ဘဲ မျက်ရည်ဝဲလာတော့သည်။

ရှန်ချန်သည် ခေါင်းငုံ့ကာ နှာသံဖြင့် ပြောလေသည်။

" အမ နင့်ရဲ့သဘောကောင်းတဲ့စိတ်ကူးအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့်လေ ဝယ်စရာမလိုတော့ပါဘူး၊ ဒီဖိနပ်က အရမ်းစျေးကြီးတယ် ပြီးတော... ငါလည်း ဒီဖိနပ်ကို စီးပြီး ဘတ်စကက်ဘော ကစားလို့ မရတော့ပါဘူး"

သည်အချိန်တွင် ရှန်ချန်သည် သူ့ညာဖက်လက်ကို အောင့်သက်သက်ဖြင့် ထုထောင်းလိုက်ပြီး မျက်ရည် ကျလာတော့သည်။

သူမ၏မူလရည်ရွယ်ချက်မှာ ရှန်ချန် အချိန်ကြာမြင့်စွာ သဘောကျခဲ့သည့် အားကစားဖိနပ်ကို ဝယ်ပေးချင်ရုံဖြစ်လေသည်။ ရှန်ချန်ကို အတိတ်က ဝမ်းနည်းစရာကို ပြန်သတိရသွားစေပြီး သူ၏မသန်စွမ်းတော့သည့် ညာဖက်ခြေထောက်ကြောင့် တမြည့်မြည့်ခံစားလိုက်ရစေမည်ကိုတော့ ရှန်ယွဲ့ မျှော်လင့်မထားခဲ့မိပေ။ သူမသည် ချစ်ခြင်းကို ကျော်လွန်ကာ ဝမ်းနည်းစရာကိစ္စကို လုပ်ခဲ့မိလေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now