အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်

Start from the beginning
                                    

ရှန်ချန်က အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး နောက်ပိုင်း အလုပ်ကြိုးစားကာ ပိုက်ဆံရှာဖို့ ဆုံးဖြတ်လိုက်တော့သည်။ သို့မှသာ သူ့မိသားစုက ကောင်းမွန်တဲ့ဘဝတွင် နေနိုင်ပေမည်။ အခုလေးတင် အမျိုးသားအရောင်းဝန်ထမ်းကို ပါးချခဲ့သည့်အကြောင်း စဥ်းစားလိုက်ပြီးနောက် ရှန်ချန် စိုးရိမ်တကြီးပြောလိုက်လေသည်။

" အမ အဲလူပြောတာ နင် မန်ဘာအကောင့်မှာ ယွမ်၅.၇သန်း သုံးခဲ့တယ်ဆို၊ နင့်မှာ အဲလောက်များတဲ့ ပိုက်ဆံ တကယ်ရှိတာလား"

သည်နေ့ဖြစ်သွားသည့် ကိစ္စများ ရှန်ချန်၏အတွေးများထက် လုံးဝကျော်လွန်နေလေသည်။ ယွမ်၁၀၀ သာရှိတတ်သည့် သူက ရှန်ယွဲ့ ယွမ်၁သောင်း သုံးသွားသည်ကို မြင်လိုက်တော့ စဥ်းစားနိုင်စွမ်း ပျောက်ဆုံးကာ အလွန်လန့်ဖျတ်သွားတော့သည်။ သူသည် ယွမ် ၅.၇သန်းအကြောင်းကိုပင် မတွေးရဲတော့ချေ။

သူမ၏ ရိုးသားသည့် မောင်လေးကို စိတ်ပိုင်ဆိုင်ရာ ထိခိုက်မှုမဖြစ်စေရန်အလို့ငှာ ရှန်ယွဲ့သည် သူမ၏အရင်ဘဝက ကြောက်စရာကောင်းလှသည့် ငွေကြေးရင်းမြစ်ကို ဖုန်းကွယ်ထားကာ နိမ့်နိမ့်ချချ ပြောလိုက်တော့သည်။

" မဟုတ်ပါဘူး၊ အဲဒါက ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ဟာ၊ ငါ သူ့ဆီက ငှားထားတာ"

ရှန်ချန်သည် ထိုစကားကို ကြားလိုက်မှ သက်ပြင်းချနိုင်တော့သည်။ သူ့မျက်နှာပေါ်တွင် ကျေနပ်ပျော်ရွှင်သည့် အပြုံးတစ်ခု ထွက်ပေါ်လား၏။

သူတို့သည် အိတ်များတကားကားဖြင့် စျေးဆက်ဝယ်ဖို့ အဆင်မပြေတော့သော်လည်း အိမ်မပြန်ခင် ရှန်ယွဲ့သည် ရှန်ချန်ကို စျေးဝယ်စင်တာ၏ နာမည်အကြီးဆုံး ဖိနပ်ဆိုင်ကြီးတစ်ခုဆီ ခေါ်လာခဲ့လေသည်။ သူတို့သည် ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ရှန်ယွဲ့က ကောင်တာဆီ တန်းသွားလိုက်၏။

" ဟယ်လို၊ ဆိုက် ၄၂ ယောက်ျားလေးစီး အနက်နဲ့ရွှေရောင်စပ်ထားတဲ့ အားကစားဖိနပ်တစ်ရံလိုချင်လို့"

ဆိုင်ဝန်ထမ်းသည် သူတို့နှစ်ယောက်က စျေးကြီး အဝတ်အစားများကို ဝတ်ထားပြီး နောက်ဆုံးပေါ် တံဆိပ် စျေးဝယ်အိတ်များကို သယ်ထားသည်ကို မြင်လိုက်သောအခါ သူတို့နှစ်ယောက်မှာ လူချမ်းသာများဖြစ်သည်ကို သိသွားပြီး ရှန်ယွဲ့တောင်းသည့်ဖိနပ်ကို မြန်မြန် ထုတ်ပေးလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now