Parts 💭 19 (U&Z)

Start from the beginning
                                    

"နာသွားလား "

"ရွှေကူကလမ်းမကြီးမှာမလို့ပါ အကိုလေးကားကလမ်းပိတ်နေတယ်လေအကိုလေးရဲ့ ရွှေကူကဆိုင်ကယ်ကိုမြေနီဘက်တွန်းမလို့ယူတာပါ"

"မသိဘူးလေကွာ စီးသွားမယ်ထင်လို့ပေါ့ကိုယ်က"

"နေအုံးအဲ့ဆိုင်ကယ်ဒီကိုထားခဲ့လိုက် သူငယ်ချင်းအိမ်ကဒီနားလေးတင်းလာယူလိမ့်မယ်ဟုတ်ပြီလား"

"ခိုးသွားရင်ဘယ်လိုလုပ်မလဲ"

"ဟိုမှာတွေ့လားအဲ့ဆိုင်ကိုအပ်ခဲ့မယ်ကွာ ဘယ်သူမှမယူစေရဘူးဒီဆိုင်ကယ်ကို"

"ဟုတ်"

"အခုတော့ကားပေါ်တတ်တော့ ကိုယ်လမ်းဖယ်ရအုံးမယ်လေ"

"ဟုတ်"

ဆိုင်ကယ်လေးဘာမှမဖြစ်စေရဘူးဆိုမှ အသာတကြည်ကားပေါ်တတ်လေသည့်ကောင်မလေးပါလေ။ ကားကိုလမ်းဘေးထိုးချရပ်၍ ဆိုင်ကယ်ကိုမောင်းကာလမ်းဘေးမှဆိုင်တန်းလေးဆီမှ ဆိုင်လေးသို့သေချာအပ်ခဲ့လိုက်တော့သည်။ ကားဆီပြန်လာ၍ အိမ်ပြန်လာရာလမ်းဆီမောင်းနှင်လာသည့်ကွန့်မြူးစိတ်တို့မှာ အနည်းငယ်တော့တိုနေရသေးသည်။

"ဟင်.."

အိမ်နားရောက်ခါနီးလမ်းထောင့်လေးတွင် အကိုလေးကကားကိုရပ်လိုက်လေသည်။ ရွှေကူ့ဘက်လှည့်လာသည့်အကိုလေးက ဒေါသတွေတအားကြီးမနေပေမယ့် ခက်ထန်နေသည့်အနေထားပင်ဖြစ်လေသည်။ မျက်နှာထက်အပြုံးအရယ်မရှိ ရွှေကူ့ကိုစိုက်ကြည့်လာသည့်အခါ ရွှေကူရင်မဆိုင်ရဲ အလိုလိုခေါင်းလေးငုံ့ထားမိတော့သည်။

"အဲ့မျက်မှန်ကဘာဖြစ်လာတာလဲကောင်မလေး"

"ဟို..လွတ်ကျသွားတာ"

"ဘယ်တုန်းကလဲ"

"ရွှေကူမမဖြူငယ်တို့နဲ့ဆိုင်မှာထိုင်ပြီးထလာတုန်းက"

"ကိုယ်ဖုန်းဆက်တော့ကောင်မလေးဘယ်မှာလဲ"

"ရွှေကူအဲ့ဆိုင်ကထွက်လာခါနီးဆိုင်ကယ်ပေါ်မှာပါ"

"ဘာလို့မပြောတာလဲ မျက်မှန်ကျကွဲတယ်ဆိုတာဘာလို့အဲ့ထဲကမပြောတာလဲကောင်မလေး"

"ရွှေကူမှားသွားပါတယ် နောက်သေချာပြောပါ့မယ်"

"မျက်မှန်မပါရင်ဘယ်လိုမှဘယ်နေရာမှသွားလို့မရတဲ့လူက ဆိုင်ကယ်စီးလာတယ်ပြီးတော့ညကြီး အဲ့တာဖြစ်သင့်လားကောင်မလေး.."

True Love 💭 (Completed)Where stories live. Discover now