Part 💭 18 (U&Z)

Zacznij od początku
                                    

ပြောမရတော့ရွှေကူခြံထဲပတ်​ပြေးလိုက်တော့သည်။ ရေပိုက်ကလဲပန်းခြံထဲရေလောင်းသည့်ပိုက်မို့ရှည်လေသည့်အခါ အကိုလေးကအသာလေးရွှေကူပြေးသည့်နေရာအကုန်မှီလေတော့သည်။ ရွှေကူခြံအနှံ့ပြေး၍အပင်တွေကြား ပြေးပုန်းသော်လည်းပန်းပင်တွေနှင့်ရော၍ပက်လေသည်။ ရွှေကူ့မှာသာပြေးရင်းမောနေရတာအကိုလေးကတော့ တဟားဟားနှင့်ရယ်နေပြန်သည်။ ရွှေကူအကိုလေးနားပြန်ပြေး၍ ရေပိုက်ကိုဆွဲလုလိုက်တော့ လွှတ်မပေးပြန်လုနေလေသည်ကြောင့် အကိုလေးပါတစ်ကိုယ်လုံးစိုရွဲသွားတော့သည်။

"ဟေ့ကောင်မလေး လွှတ်.."

"အကိုလေးလွှတ်ပါလား.."

"ဟေ့ ဟေ့.. စိုကုန်ပြီနော်ကောင်မလေး"

ရွှေကူကပိုစိုတာကို အကိုလေးမို့မစဉ်းမစားအသဲဗြဲကြီးနှင့်လာအော်နေသည်ကြောင့် ရွှေကူအားမချန်ပဲအတင်းဆွဲလုလိုက်တော့သည်။

"ဟား ဟား.. ရွှေကူ့အလှည့်ပဲ အကိုလေးပြေးနိုင်ရင်ပြေးပေါ့"

သနားလို့လွှတ်ပေးလိုက်တာကို မင်းလေးကအဟုတ်မှတ်နေတာပေါ့လေ။ ရေစိုနေသည့်အင်းကျီလေးက ခန္ဓာကိုယ်သေးသေးလေးပေါ်ကပ်ရပ်နေသည်ကြောင့် ကွန့်မြူးကောင်မလေးကိုသိပ်မကြည့်ရဲဖြစ်နေရသည်။ ကိုယ်ချစ်တဲ့မိန်းခလေးမို့ ကိုယ်စိတ်ပိုယိုင်သွားမှာဆိုးရတယ်ကောင်မလေးရယ်။ ပျော်ရွှင်နေသည့်ကောင်မလေးကို အပျော်တွေမဖျက်စီးရက်သည်မို့ ကွန့်မြူးလဲအလိုတော်ကျ လှည့်လည်ပြေးလိုက်တော့ ရေပိုက်လေးဆွဲ၍အတင်းလိုက်ပက်နေလေတော့သည်။

ဟုတ်တယ် ဒီလိုလေးပျော်နေဖို့ပဲကိုယ်ကရည်ရွယ်တာပါကွာ။ တစ်နေ့တစ်နေ့ကောင်မလေးပျော်အောင် ဘယ်လိုလုပ်ပေးရမလဲပဲ ကိုယ်စဉ်းစားနေရတာပါကောင်မလေးရယ်။

"ဟ နှစ်ကောင်သားဘာဖြစ်လာတာလဲကွ"

"ဒယ်ဒီ့သမီးရေနဲ့လိုက်ပက်လို့ပြန်ပတ်ထားတာ"

"ဘဘကြီးသားအရင်ပတ်တာဘဘကြီး"

"ကောင်းရောကွာ "

ဦးမိုးမြင့်သဘောတွေကျနေရသည်က နှစ်ကောင်သားရေတွေစိုရွဲ၍ ကြွက်စုတ်လေးနှစ်ကောင်လိုဖြစ်နေရသည်ကြောင့်ပင်။ အပြင်မှာအော်သံတွေကြားပေမယ့် ပျော်နေကြသည့်အသံမို့လွှတ်ထားလိုက်တာ ဟော ဆော့ကစားလာလိုက်ကြတာများ ခလေးတွေအတိုင်းဖြစ်လေသည်။

True Love 💭 (Completed)Opowieści tętniące życiem. Odkryj je teraz