Part 💭 18 (U&Z)

Start from the beginning
                                    

"ပေးကိုယ်ဆေးပေးမယ်"

"အကိုလေးထိုင်နေပါပြီးတော့မယ်"

"ရပါတယ် "

ကွန့်မြူး ရေပိုက်လေးသူမလက်ထဲမှဆွဲယူလိုက်သည်။ ရေတွေပန်းထွက်နေသည့်ပိုက်လေးက ကွန့်မြူးဆီရောက်ပြီးမကြာပါရေမထွက်တော့ပေ။

"မီးပျက်သွားတာလား"

"မဟုတ်ဘူးထင်တယ်အကိုလေး ရေစက်လည်နေတယ် ရွှေကူသွားကြည့်လိုက်မယ်ခဏလေး"

"အင်း.."

ရွှေကူသွားကြည့်တော့ ရေဘားကပိတ်နေခြင်းဖြစ်သည်။ မေမေကြီးများပိတ်သွားသလားပဲ။ မီးဖိုခန်းမှအပြင်သို့ထွက်လို့ရသည်ကြောင့် မေမေကြီးရေတင်ရင်းပိတ်သွားတာဖြစ်လောက်သည်။

"အကိုလေးရေ​ ရေဘားကြီးကပိတ်နေတာတော့ အခုလာတယ်မို့လား..."

ရွှေကူအော်၍အကိုလေးဆီပြန်လာရာ ကြွက်စုတ်လေးအလားဖြစ်နေသည့်အကိုလေးကြောင့် ရွှေကူခြေထောက်တွေဆိုင်ကယ်ကြီးတစ်ဖက်တွင် ရပ်တန့်သွားရတော့သည်။

ဆံပင်တိုတိုလေးတွေက ရေစက်လေးတွေကြောင့်အမြှောင်းလိုက်လေးတွေစု၍ ကျိုးတို့ကျဲတဲရှိနေလေသည်။ အဖြူရှပ်ဝတ်ထားသည့် ခန္ဓာကိုယ်အပေါ်ပိုင်း၌လဲ ရေတွေစိုနေသည်ကြောင့် အသားလေးတွေနှင့်ကပ်နေလေသည်။ အကိုလေးတို့များ ချောချက်ကဘယ်လိုဘယ်ပုံဖြစ်နေနေ အချောကိုပျက်သွားသည်လို့မရှိဘူး။ အကိုလေးရေတွေနဲ့ဆော့ထားတာတော့ မဟုတ်မှန်းလဲသိပါသည်။ ရွှေကူရေဖွင့်လိုက်လို့စိုသွားမှန်းလဲသိသည်ကြောင့်ရွှေကူရှေ့မရောက် အကိုလေးကိုရပ်ကြည့်နေမိသည်။

"အကိုလေးရရဲ့လား.."

ကွန့်မြူးမျက်လုံးထောင့်ကပ်၍ကြည့်လိုက်တော့ ကောင်မလေးက အားနာစွာရယ်ပြနေလေသည်။

"ဘယ်လိုထင်လဲ"

"အား.. အကိုလေး မေမေကြီးရေ "

"အကိုလေး..."

ရွှေကူ့ကိုရေလိုက်ပက်နေသည်ကြောင့် ရွှေကူပတ်ပြေးနေရသည်။

"ဟား ဟား.. တစ်ယောက်ထဲစိုလို့တော့ဘယ်ဖြစ်မလဲ "

"အကိုလေးမညစ်ပတ်နဲ့ ရွှေကူအင်းကျီတွေအကုန်စိုကုန်ပြီလို့ အကိုလေး..."

True Love 💭 (Completed)Where stories live. Discover now