အပိုင်း (၃၂) VVIP မန်ဘာ

Start from the beginning
                                    

အမျိုးသားအရောင်းဝန်ထမ်းသည် အိန္ဒြေဆည်လိုက်ပြီး အထင်သေေးကာ ပြောလိုက်လေသည်။

"ဟုတ်လား"

ရှန်ယွဲ့သည် မျက်ခုံးပင့်လိုက်ပြီး ဖုန်းစပီကာကို တမင်ဖွင့်လိုက်၏။ တစ်ဖက်မှ customer service တာဝန်ရှိသူက ကျိုးကြောင့်သင့်စွာ ပြန်ဖြေလေသည်။

"ကောင်းပါပြီရှင်၊ ကျွန်မတို့ လူကြီးမင်းရဲ့ အဖိုးတန်မှတ်ချက်ကို လက်ခံရရှိပါတယ်၊ ဒီတိုင်ကြားချင်ကို အလုပ်ချန် ရက် ၃၀မှ ၆၀အတွင်း ပြန်လည်ဖြေရှင်းပေးပါမယ်ရှင်"

"ဟားဟားဟား နင် ရက်တွေ အဲလောက်အကြာပြီးစောင့်ရမှာပဲ၊ သူတို့တွေက နင့်ကို တကယ်အရေးလုပ်တာ မဟုတ်ဘူး၊ နင့်ကိုယ်နင် အရေးပါတဲ့လူလို့ ထင်နေတာတော့မဟုတ်ပါဘူးနော်၊ နင်က ဒီအတိုင်းဆင်းရဲသား တစ်ယောက်ပဲ၊ ငါတို့ဆိုင်ရဲ့ ဖောက်သည်အကြီးစားမှ မဟုတ်တာ"

အမျိုးသားအရောင်းဝန်ထမ်းသည် အူမြူးကာ ရယ်လိုက်ပြီး ရှန်ယွဲ့ကို လူရွှင်တော်တစ်ယောက်လို ကြည့်လိုက်တော့သည်။

" ရှင့်မှာ ကျွန်မတို့ဆိုင်ရဲ့ မန်ဘာကတ်ရှိလားရှင့်၊ မရှိရင်လည်း ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ထားခဲ့ပါ၊ ကျွန်မတို့ ပြန်ဆက်သွယ်ပါမယ်ရှင်"

Customer serviceတာဝန်ခံသည် အေးတိအေးစက်ဆက်ပြောလေသည်။

" ဒီလို အစုတ်အပျက် ဝတ်ထားတာ အဝတ်တစ်ထည်ဖိုးတောင် မတတ်နိုင်ဘဲနဲ့ ဘယ်က ငါတို့တံဆိပ်ရဲ့ မန်ဘာဖြစ်ရမှာလဲ"

အမျိုးသားအရောင်းဝန်ထမ်းသည် အထင်းသေးစွာ ဆက်ပြောလေသည်။

"လိပ်စာအပြည့်အစုံလား၊ ကြည့်ပါအုံးမယ်၊ အရင်တုန်းက တစ်ခုရှိသလိုပဲ" ရှန်ယွဲ့ ပြန်စဥ်းစားလိုက်လေသည်။

ငါလေး လုပ်ကြံသူ လင်ယွဲ့ဘဝတုန်းက ငါလေးရဲ့ နေ့စဥ်စိတ်ဖအပန်းဖြေစရာက နောက်ဆုံးပေါ် တံဆိပ်ကြီးတွေမှာ စျေးဝယ်ထွက်တာပဲ။ တစ်ဆိုင်လုံးကုန်မှ စျေးဝယ်တာရပ်လေ့ရှိတတ်တာလေ။ ငါ အမှတ်မမှားရင် ဒီ X တံဆိပ်ရဲ့ လျို့ဝှက်မန်ဘာအကောင့်တစ်ခု ရှိခဲ့ဖူးတယ်။

သူမ၏ အားကောင်းသည့်မှတ်ဉာဏ်ကိုသုံးကာ ရှန်ယွဲ့သည် သူမ အမှုမဲ့ အမှတ်မဲ့ထားခဲသည့် လျှို့ဝှက်မန်ဘာအကောင့်ကို နံပါတ်ကို ပေးလိုက်လေသည်။ သူမအထင်တော့ သူမသည် ဒီတံဆိပ်ကို ဝယ်လေ့ဝယ်ထမရှိသော်လည်း သန်းချီတော့ သုံးခဲ့လောက်ပေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now