အပိုင်း (၃၂) VVIP မန်ဘာ

Start from the beginning
                                    

ထိုယောက်ျားအရောင်းဝန်ထမ်းသည် ခြေဆောင့်လိုက်ပြီး စင်တာလုံခြုံရေးကို ခေါ်ရန် သူ့ဖုန်းကို ကောက်ကိုင်လိုက်တော့သည်။

သို့သော် ရှန်ယွဲ့က သူ့ထက်မြန်လေသည်။ လွန်ခဲ့သည့်တစ်မိနစ်က သူမသည် နံရံပေါ် တံဆိပ်ဌာနချုပ် ဖုန်းကို မြင်လိုက်ပြီး သူမ၏ ဖုန်းအသစ်လေးကို ထုတ်ကာ ဖုန်ခေါ်လိုလေသည်။ ထိုအခိုက်တွင် ဖုန်းဝင်သွားတော့သည်။

" ဟယ်လို၊ ဟယ်လို"

"နင် ဘယ်သူ့ကို ဖုန်းခေါ်နေတာလဲ"

ယောက်ျားအရောင်းဝန်ထမ်းသည် မသက်မသာ ဖြစ်သွားတော့သည်။

ရှန်ယွဲ့က သူမ၏နှုတ်ခမ်းကို မသိမသာကွေးထားလိုက်ပြီး ဆွံ့အနေသည့် အရောင်းဝန်ထမ်းကို တမင်စိုက်ကြည့်လိုက်ကာ ကြည်လင်သည့်အသံတစ်ခုဖြင့် ပြောလိုက်တော့သည်။

" Xအားကစားတံဆိပ် ဌာနချုပ်ကလား၊ ကျွန်မ အခု ရှင်တို့ရဲ့ Sမြို့ ဆိုင်ခွဲကိုရောက်နေတာပါ၊ ကျွန်မ အဆင်မပြေရတဲ့အကြောင်း တိုင်ကြားချင်လို့ပါ"

ရှန်ယွဲ့သည် မျက်မှောင်ကျုံ့ထားပြီး အမျိုးသားအရောင်းဝန်ထမ်း၏ ရင်ဘတ်ပေါ်က ဝန်ထမ်းကတ်ကို ခဏကြာအောင် အကဲခတ်လိုက်လေသည်။ ထို့နောက် သူမသည် ဖုန်းဆက်ပြောလိုက်၏။

" ဝန်ထမ်းနံပါတ် 11349 အမျိုးသားအရောင်းဝန်ထမ်းက ဆိုးဝါးတဲ့ ဝန်ဆောင်မှုပေးနေပါတယ်၊ သူက စျေးဝယ်သူကို မောင်းထုတ်ပြီး ကိုယ်တိုင်တိုက်ခိုက်ခဲ့တယ်"

" နင်က ငါ့ကို တိုင်နေတာပေါ့်လေ"

အမျိုးသားအရောင်းဝန်ထမ်းသည် ခဏတာ မှင်သက်သွားတော့သည်။ ရှန်ယွဲ့က စစ်ကူခေါ်နေသည်ဟု ထင်လိုက်သော်လည်း သူ့အကြောင်းတိုင်တန်း လိုက်မည်ကိုတော့ ထင်မထားခဲ့ချေ။ သည်လို အသေးအဖွဲကိစ္စကို မည်သူမှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

" နင် ဘယ်လောက်ပဲ တိုင်တိုင် အသုံးမဝင်ဘူးနော်၊ငါတို့ ဌာနချပ်က နင့်လို ဆင်းရဲသားတစ်ယောက်ကို အများဆုံးလုပ်ပေးရင်း ယဥ်ယဥ်ကျေးကျေးဆက်ဆံတာလောက်ပဲ ရှိမှာပေါ့၊ ငါတို့က နင့်ကို လုံးဝ အဖက်လုပ်မှာမဟုတ်ဘူး"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now