အပိုင်း ၂၄

Start from the beginning
                                    

"ကဲ သွားကြမယ်..မင့်အဖေ မျှော်နေလောက်ပြီ"

ကိုကိုရှိမနေသည့် စာမေးပွဲရက်တွေမှာ အဖေ လာဂရုစိုက်ပေး၏။အဖေရှိနေ၍ ဝမ်းရေးအတွက် မပူရပေမဲ့ လွမ်းရေးတော့ အတော်ခက်ခဲပါသည်။သတိရလို့ ဖုန်းဆက်ချင်တောင် သူ့မျက်နှာကြည့်နေရသည်။တခါတလေ စကားဆက်စပ်မိလို့ ကိုကို့ အကြောင်းပါမိရင် ဒေါသူပုန်တွေထပြီး ကုန်းအော်တော့တာ။

"အေးဆေးပေါ့ ကိုကြီးဘဲပုရာ မမှောင်ခင် သူပြန်ရမှာပါဗျ"

စမ်းရေသွင်က ခပ်ငယ်ငယ်တုန်းကနဲ့ မတူတော့။အသက် ၁ရက် ကြီးလာလေ စိတ်ညစ် စိတ်ပုတ်လေးက ခြတောင်ပို့လို တရိပ်ရိပ် မြင့်လာလေလေ။

"မင့်တော့နော် တော်သလားမှတ်တယ် တကယ့်ပဲပုတ်ပဲကွ"

"ဟီး..အနံ့လေး မဆိုသလောက် ထွက်တာကလွဲလို့ စားကောင်းတယ်လေ..ဟုတ်တယ်မလား"

"ငါတော့မကြိုက်ဘူးဟေ့!"

"မကြိုက်လဲ ကိစ္စမရှိပါဘူးနော်..ကိုကိုရှိတယ်လေ"

ခြေလှမ်းတွေ ပိုသွက်သွားတဲ့ စမ်းရေမှာ လွယ်အိတ်ကြိုးလေး စုထုံးကိုင်ရင်းလူငယ်သဘာဝ ကျောင်းသူ လှလှလေးတွေကို လက်ပြကာ လူပျိုလှည့်နေ၏။ယောကျ်ားလေးပေမဲ့ ငယ်မူငယ်သွေးအပြည့်နဲ့ မျက်နှာပြည့်ပြည့်လေးက နေရောင်ဖြဖြအောက်မှာ ငေးခနဲဖြစ်စေသည်။

မင်းတော့..အပြောခံထိတော့မယ်!!

ကိုယ့်နဖူးကို ခပ်နာနာတချက်ထုရင်း သတိပေးရသည်။

"စျေးဆိုင် ခဏဝင်ဦးမယ်နော် ကိုကြီးဘဲပု"

"အေးအေး"

မီးဖိုချောင်ထဲ လျော့စပြုနေသောဟင်းခတ်မှုန့်အမယ် တစ်ခုချင်းစီကိုဝယ်ပြီးနောက်...ဆီပုံးတန်းဆီ ခြေဦးလှည့်ရပြန်သည်။

"ဦး​လေး နှမ်းဆီ စစ်စစ်ရှိလားဗျ"

"ရှိတယ် လူလေး၊ဘယ်နှပိဿာလောက် လိုချင်လဲ နည်းရင် ချက်ချင်းရမယ်၊များရင် ခဏကြာမယ် ဒါပေမဲ့ အိမ်တိုင်ရာရောက် ပို့ပေးပါတယ်"

"တပိဿာပါပဲဗျ"

ဘဲပုခမျာ ဆီဗူးကြီးဆွဲရလို့ မျက်နှာမှာမဲ့တဲ့တဲ့။ဗိုက်ဆာလို့ အိမ်အမြန်ရောက်ချင်သည်ဆိုမှ လေကြောပေကြောကရှည်နေသေး၏။

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now