အပိုင်း ၁၁

119 14 2
                                    

(၁၁)

"အစ်ကို ဒါလေး"

တံခါးမခေါက်ပါပဲ ဝင်ရောက်လာသူကြောင့် လူက စနိုးစနောင့်ဖြစ်သွားမိသည်။လက်ရှိမှာ ကိုယ်က ရင်ဘတ်ဟပြဲနဲ့ အရိုင်းဆန်နေသည့်သွင်ပြင် ဖြစ်နေ၍ ပြီးပြီးရော ခေါင်းငြိမ့်ပြကာ ထွက်သွားခိုင်းလိုက်သည်။

သို့ပါသော်လည်း ကောင်လေးက ခေါင်းလေးငုံ့ပြီး လက်လေး နောက်ပစ်ကာရပ်နေဆဲ။

"ဘာရှိနေသေးတာလဲ"

"နွေဆူးက လက်မှတ်မပါပဲ ပြန်မထွက်ခဲ့နဲ့တဲ့"

ခေါင်းထဲအုံနေလို့ ညည်းစိစိဖြစ်နေပါတယ်ဆိုမှ တခုပြီးတခု။ဟေဝန် အလျင်အမြန်ပဲ လက်မှတ် ထိုးပေးလိုက်သည်။ဒါလည်း သူက ထွက်မသွားသေး။

"မရသေးဘူးလားကွာ"

"ရပါပြီ ဒါပေမဲ့လေ .."

"အင်း"

စောင့်နေတာတောင် စကားသံထပ်ထွက်မလာ၍ ဟေဝန် မော့ကြည့်မိသည်။လက်မထိပ်ကိုက်ပြီး ခေါင်းငုံ့နေသည်က ပြောရမှာ ကြောက်နေသည့်ပုံ။

"ညီ"

ကိုယ်ခေါ်လိုက်တော့ မဝံ့မရဲလေးနှင့် မော့ကြည့်လာသည်။

"အနားလာခဲ့"

ခြေကျင်နေ၍ ကိုယ်ထမသွားနိုင်သည်မို့ သူ့ကိုခေါ်မိခြင်း။ဒါကိုပင်တွန့်ဆုတ်တွန့်ဆုတ်။မသိရင် ဟေဝန်ကပဲ ဗလက္ကာယ ပြုတော့မလိုလို။

"အစ်ကို ဘာမှမလုပ်ဘူး ၊ ခဏပဲလာ"

ထိုအခါမှ စိတ်ချသွားသည့်လား လွှားခနဲ အနားရောက်လာသည်။လာမဲ့လာတော့လဲ ကိုယ့်ပေါ်တက်ထိုင်တော့မတတ် ဟေဝန်နဲ့အနီးဆုံး စားပွဲမှာလာထိုင်သည်။

"ညီ"

"ဗျာ"

"အစ်ကိုက လူဆိုးနဲ့တူလို့လား"

"ဟမ်.. မတူ မတူပါဘူးဗျ"

ထိုသို့ပြောလာပေမဲ့ လူကတော့ ဆတ်ခနဲထသွားသည်။ ဟေဝန် တချက်ပြုံးလိုက်ပြီး မတ်တပ်သမားလေးကို မော့ကြည့်လိုက်သည်။

"ကဲ ပြောပါဦး ၊ ဘာကိစ္စမိုလို့ အရမ်းစဥ်းစားနေရတာလဲ"

"ဟို ဟိုလေ"

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now