အပိုင်း ၁၆

105 13 3
                                    

(၁၆)

{Recommended song: အတောင်ပံပါရင် မင်းဆီကို}

သင်တောရွာ။

အပူငွေ့နှောသည့် နွေလေပြည်ကဝန်းကျင်တခွင် ဝေ့ဝဲ တိုက်ခတ်နေသဖြင့် ညနေ လေးနာရီက အပူရှိန်မသေးကြောင်းဇာတိပြနေသည်။

ဖရိုဖရဲ ဖြစ်နေသည့် စိတ်အထွေထွေသည်လည်း ဤလေပြည်နှယ် ပူနွေးစိုစွတ်နေ၏။"မမှတ်မိရကောင်းလား??ပြန်မလာဖြစ်ရကောင်းလား??လို့ ဆူပူအပြစ်တင်သူမရှိပေမဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်သည့်စိတ်ကပင် လူ့ခန္ဓာကိုယ်ကို ဒဏ်ခတ်နေသည်။

"ငါ အတော်မကောင်းခဲ့တာပဲ ဘဲပုရာ"

"စိတ်မကောင်း ဖြစ်မနေပါနဲ့ ရဂုံရာ ၊ငါတို့အားလုံး မင်းကိုနားလည်ပါတယ်"

"ဒါပေမဲ့ကွာ.."

နောက်ဆက်တွဲက စကားလုံးတို့က ဘယ်ဆီမှန်းမသိခင် မျက်ရည်တို့က စို့လာသည်။

"ယောကျ်ားဆို မျက်ရည်မကျရဘူး သားကြီးက လိမ်မာပါတယ်"ဆိုသည့် ခပ်ငယ်ငယ် က ကြားရခဲ့သည့်အမေ့ အားပေးစကား။"ယောကျ်ားဆိုတာ လုပ်ရဲရင်ခံရဲရမယ် သတ္တိရှိရမယ် သန်မာရမယ်"ဟူသည့် အဖေ့၏ ဆုံးမစကား။

ထိုမျှမကသော စကားလုံးအချို့သည်လေထုထဲဝယ် ယနေ့တိုင်တည်ရှိနေသေး။နှလုံးသားထဲမှာ ပဲ့တင်ရိုက်နေသေး။ပြန်တွေးတိုင်း တဆစ်ဆစ်နှင့်ကိုက်ခဲခဲ့ရသည့် ခေါင်းသည် ဤ "သင်တောရွာ"​လေးကို ခြေချမိသည်နှင့် ပျောက်ကွယ်သွား၏။

"အန်တီမြိုင်က မင်းပြန်အလာကို စောင့်နေရှာတာ"

ဟေဝန် မြေပုံလေးရှေ့ ဒူးထောက်ရင်း တိတ်တဆိတ် ငိုကြွေးမိသည်။မွေးမိခင်မဟုတ်သော်ငြား ကျွေးမိခင်တဖြစ် အသက်ကျေးဇူးရှင်။သံသယပွားဖွယ်မရှိတဲ့ မေတ္တာအချို့နဲ့ ပြုစုစောင့်ရှောင့်ခဲ့တဲ့အမေက ဟေဝန့်စိတ်နဲ့ သေခဲ့ရသည်။

ဘဲပု ဘယ်လောက်ပဲ "သူ့ရောဂါနဲ့သူ သေတယ်"ပြောပြော အပတ်တိုင်း ရွာထိပ် ထွက်မျှော်တတ်တဲ့ အမေ့ကို မှတ်မိသည်။ဆွမ်းအုပ်ရက်ရောက်တိုင်း အမေ ဟေဝန့်အတွက် အမျှဝေပေးတာသိသည်။နှစ်တိုင်း စံပယ်ပန်းတွေပွင့်တဲ့ဒီရာသီဆို ကျန်းမာရေးကောင်းဖို့ ပန်းသီ လှူပေးမှန်းသိပါသည်။

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now