အပိုင်း ၂

293 28 6
                                    

(၂)

ကလေးတစ်ယောက်သည် ဥတစ်လုံးချိုင့်လေးဆွဲလျှက် ရောက်တတ်ရာရာသီချင်းကို ဟိုနားဖြတ်ဆိုလိုက် ဒီနားဖြတ်ဆိုလိုက်ဖြင့် ခုန်ပေါက်ကာပဲ ချောင်းရိုးတစ်လျှောက် သွားနေ၏။ရံဖန်ရံခါ နွားကျောင်းနေသည့် လူတွေကိုလည်း နှုတ်ဆက်နေသေးသည်။

"ဗျို့ ဦးကြီး.!"

"ဟေး.. အကြီးလေး မင်း ဘယ်တုန်းကွ"

"အဖေ့ဆီကိုဗျို့..!!"

ဆယ်နှနှစ်အရွယ် ဆိုသော်ငြား လူကောင်ထွားသော ရဂုံလေးက လူပျိုပေါက်ဖြစ်နေပြီ။သို့သော်စိတ်က ကလေးပေမို့ ကလေးသဘာဝ ဆော့ကစားချင်စိတ်က အပြည့်။

ခုလည်း လယ်ထဲက ခဲလုံးအသေးလေးတွေကို ခပ်တိုတို ဝတ်ထားသည့် ပုဆိုးခါးပုံစထဲ အပြည့်ကောက်ထည့် ပြီးရင်ချောင်းထဲ ကူးခတ်နေသည့် ဘဲတွေကိုပစ်ပေါက်နေတာ။တည့်တည့်ပစ်တာမဟုတ်ပဲ ရေပွက်ထရုံ ခြောက်တော့ ဘဲကလန့်ပြေး။သူ့မှာ အဲ့ဒါကိုတဟားဟားနဲ့သဘောကျနေတာ။

အဲ့ဒါကအရေးမကြီး..သူ့အဖေကို ထမင်းချိုင့်လာပို့တာဆို နောက်ကျရင် ရိုက်ခံထိနေမှ။

"ဟေး...!!!ဆော့မနေနဲ့တော့ကွ သွားတော့...!!!"

နွားကျောင်းသည့် ဦးလေးကြီး လှမ်းအော်မှ ထိုကလေးသည် ထမင်းချိုင့်လေး ခေါင်းပေါ်တင်ကာ ဖိနောင့်နှင့် တင်ပါး တသားတည်းကျအောင် ပြေးလေတော့သည်။

ဪ.. ဘာလိုလိုနဲ့ ရဂုံလေး "သင်တောရွာ" ကို ရောက်တာ ခုနှစ် မိုးဦးကျဆို တနှစ်ပြည့်တော့မှာပဲ။မှတ်မှတ်ရရ ရွာကို သူ့အမေနဲ့ပါလာတော့ ပျိုးကျဲဖို့ လယ်ထွန်ကြတဲ့ အချိန်။သူငေးရင်းလျှောက်လာတဲ့ ကန်သင်းလမ်းမှာ မိမိ နွားက အမြီးခတ်တော့ သူ့ကိုရွှံ့စင်ပါလေရော။

အဲဒိမှာ ပေကုန်ပြီဆိုပြီးသာ ချုံးပွဲချငို​ပစ်တာ။သူ့အမေ ဒီရွာသူ မြိုင်လေးက"ရွှံ့ဆိုတာ လူးတောင်ပေးရတယ်သားရဲ့ အဲ့ဒါမှ ကျန်းမာရေးကောင်းတာ"ဟု ရွှတ်နောက်နောက်ဆိုတော့ ချက်ချင်းကို လယ်ကွက်ထဲ ဒိုင်ပင်ထိုးချပစ်တာ။

ဘယ်ပြောကောင်းမလဲ တကိုယ်လုံးရွှံ့တုံးနဲ့ ကျွဲကုလားပေါက်လေးကိုဖြစ်ရော။ကိုယ်သားကလည်း သူနဲ့ရွယ်တူပဲဗျ အားကျမခံ လိုက်ခုန်ချတယ်ဗျာ။

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now