အပိုင်း ၆

157 15 2
                                    

(၆)

စမ်းရေ မြေပုံလေးကို ဦးချကန်တော့ပြီး အမေ့ကို နှုတ်ဆက်လိုက်သည်။နဂိုရောဂါအခံရှိတာရယ် ကိုကြီးကို လွမ်းတဲ့စိတ်ရယ်နဲ့ ပေါင်းလိုက်တော့နောက်ဆုံး ထာဝရ အိပ်စက်ခြင်း ဆုလဘ်ကို ရရှိခဲ့လေသည်။

"နှုတ်ဆက်ပါတယ် အမေ တနေ့ ​ကိုကြီးနဲ့အတူ အမေ့ဆီ ပြန်လာခဲ့ပါ့မယ်"

တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သော မိုးခြိမ်းသံကြောင့် စမ်းရေခြေလှမ်းတို့တုံ့ခနဲ။ရုတ်ချည်း သည်းလာတဲ့မိုးကြောင့် သုသာန်ဇရပ်လေးဆီ မိုးပြေးခိုမိသည်။

တိုက်ဆိုင်တာလား သဘာဝလားမသိတဲ့ ဒီအဖြစ်ပျက်က စမ်းရေအမေ့ဆီလာတဲ့ ဒီသုံးနှစ်အတွင်း တူညီသော အခြေတရပ်။ဘယ်လောက်ပဲ လာစဥ်က နေတွေ ပူနေပူနေ ပြန်တော့မယ်ဆိုချက်ချင်း မိုးအုံ့ပြီး ရွာချလာတာ။မိုးဖွဲနေရင်တော့ ပြောခန်းမရှိပေါ့။

မှုန်ဝါးဝါး မိုးစက်တွေအကြား ထီးထီးကြီး ရှိနေသော သခွတ်ပင်ကြီး။အတို့အမြှုပ်ဆို သိပ်ကြိုက်သော အမေ့ အတွက် စမ်းရေကိုယ်တိုင် တက်ခူးပေးရသော သခွတ်ပွင့်များ။

အဖြူရောင်သခွတ်ပွင့်ကို ခွဲဖြာပြီး အလည်က ဝတ်စံချောင်းလေးတွေကိုဖယ်၊နေခြောက်အောင်လှမ်းပြီး ရေနဲ့နူးအောင်ပြုတ်။ရလာတဲ့ မည်းမည်းအဖတ်ကို ငါးပိချက်နဲ့တွဲ စားလျင် ထမင်းသိပ်မြိန်တယ်။တွေးကြည့်ရုံနဲ့ ထမင်းဝိုင်းလေးက မျက်စိထဲ ပြန်မြင်ယောင်လာသည်။

လက်တွေ့မှာတော့....... ။

---------

တံခါးရွက်ကြီးအား တွန်းဖွင့်လိုက်တော့ တိတ်ဆိတ်နေသော ထမင်းဝိုင်းက မိမိကို စောင့်ကြိုနေလေ၏။

"ဖိုးလူ ညီလေးရေ.....!!!"

file ကြား မျက်နှာအပ်နေမိသည့် ဖိုးလူတယောက် အလန့်တကြား။

"ဗျာ..ဗျာ"

"ဒီလာခဲ့..!!!"

အပြေးအလွှား အနားရပ်မိတော့ ကိုလေးက ထမင်းဝိုင်းကို လက်ညှိုးညွှန်ပြပြီး...စိတ်ဆိုးမာန်ဆိုး အော်ဟစ်လေတော့သည်။

"ဘယ်သူလဲ.. ငါ့ကို ဒီလိုချက်ကျွေးတာ ဘယ်သူလဲ"

"ကျွန်တော်ပါ၊ ကိုလေးဟေဝန် စားချင်မလားလို့ပါ၊တခါတလေ ထမင်းနဲ့မြန်မာငါးပ်ိရည်တို့စရာလေးနဲ့ဆို ကောင်းမလားလို့ပါ"

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now