အပိုင်း ၂၃

61 10 0
                                    

(၂၃)

​ချိုးကူသံ သာသာကြောင့် ကန္တာအိပ်ယာမှထကာ အပြင်ဘက် မျှော်ကြည့်လိုက်သည်။ပြတင်းမှတဆင့် မြင်နေရသည်က အုံ့ဆိုင်းဆိုင်း သစ်တောလေးနှင့် လယ်ကွင်းပြင်။စိမ်းမြနေတဲ့ တောအုပ်​ဆီမှ ဖြတ်သန်းတိုက်လာသော ဆောင်းလေမြူးသည် ရင့်မှည့်စပြုနေသော စပါးခင်းကြီးကို ယိမ်းနွဲ့လှုပ်ရှားသွားစေ၏။

ထိုမှတဆင့် မိမိရပ်နေရာ အနီးအပါးသို့ ဝေ့ဝဲ ရောက်ရှိလာလေသည်။လတ်ဆတ်သည့် လေထုကို အဆုတ်ထဲထိ ရှူသွင်းရင်း မွန်းကြပ်မှုကို ယာယီဟန့်တားလိုက်သည်။

ကံကြမ္မာ လက်ခြေဆော့လို့ ဂယက်ထနေရတဲ့ အိမ်တွင်းရေးကြောင့် စိတ်မချမ်းမြေ့ရ။သားတွေကို ချစ်ပေမဲ့ ခုကိစ္စက ခွင့်ပြုပေးလို့မရ။လိင်တူချစ်တာကို အပြစ်မဆိုချင်။တခြားတယောက်သာဆို ချက်ချင်းခေါင်းငြိမ့်မိမှာ။ခုက....... ။

သို့သော်လည်း သူတို့လေးတွေ စိတ်မချမ်းမြေ့ကြတာ မြင်ရတော့ ပိုလို့ပင်ရင်မောရသည်။ဘယ်ဘဝက ဝဋ်ကြွေးများပါလိမ့်နော်။ကိုယ်နဲ့ သွေးမစပ်တဲ့ သားကြီးအတွက်စိတ်မအေးရ၊သားငယ်အတွက် ရင်ပူရနဲ့ ကိုယ့်ရောဂါတောင် မေ့လုလု။

"အဖေ"

ဒီလူတွေ တယ်လဲ ဇွဲကောင်းကြသကိုး။မဝေးတဲ့ခရီးကို တပတ်တခါ ပြန်လာပြီး ဖြောင်းဖြနေကြတာ။သနားမိပါရဲ့ကွာ။ဒီအဖေ မင်းတို့ကို ဘယ်လိုများ ငြင်းဆန်ရမှာတုန်း။ကြည့်နေရင်းနဲ့ကို လူကအလိုလို ခေါင်းငြိမ့်ပြချင်လာသည်။ထိုမျှလောက်ထိ စွမ်းအားကြီးမားပါသည့် ချစ်ခြင်းတရားတွေရယ်ပါ။

"ထိုင်ကြလေ"

အနေကျပ်နေသည့်ဟန်က အိမ်ရှင်လိုလို ဧည့်သည်လိုလို။ညီအစ်ကိုတွေ..မဟုတ်ဘူး ၊ အတွဲတွေ တယောက်ခါး တယောက်တို့ပြီး ကိုကိုထိုင် ကလေးလေးထိုင် လုပ်နေကြသည်။ကန္တာ မောကျပ်စွာ တံတွေး တချက် မြိုချရင်း သားနှစ်ယောက်ကို တလှည့်စီကြည့်လိုက်သည်။

"အဖေ အချိန်ယူဦးမယ် ပြောထားတယ်မလား ရဂုံ ၊ စမ်းရေက ငယ်​သေးလို့ မသိတတ်ဘူးထားဦး မင်းတော့နားလည်နေရမယ်လေ"

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now