အပိုင်း ၇

126 15 4
                                    

(၇)

ဒေါက်..ဒေါက်

တံခါးခေါက်သံကြောင့် ဟေဝန် ကြည့်လက်စ file ကို ဘေးသို့ တွန်းလိုက်သည်။ညီလေးတောင် ပြန်ရောက်ပြီပဲ။

"အဆင်ပြေခဲ့လား"

"ပြေတယ် ကိုလေး ၊ အဆောက်အဦက ရှယ်ပဲ သန့်လည်းသန့်တယ် ဝင်းကလည်းကျယ်တော့ ကိုလေးလိုချင်တာနဲ့ကွက်တိပဲ ဒီမှာ ကြည့်"

ကမ်းပေးလာသော i pad ထဲမှ ပုံအချို့ကို ဟေဝန် ကြည့်လိုက်ပြီး...

"မဆိုးဘူး လိုတာလေးထည့်လိုက်ရင် ရနေပြီ၊မင်း ဒါကို ဘယ်ကနေ တွေ့လာတာလဲ"

ဖိုးလူ ပြောသင့်မပြောသင့် ချိန်ဆနေမိသည်။ဒါက ဒေါ်နှင်းသစ္စာ ရှာပေးတာလို့ပြောလိုက်ရင် သူစိတ်ဆိုးမလား။မဟုတ်လို့ ကိုယ်ရှာတယ်ပြောရင်က...

"ညီလေး...ငါဒီလောက်ဆို ရိပ်မိပါတယ်၊ဘာမှမပူနဲ့ သူ့ဘက်က ကောင်းသော ပေးအပ်ခြင်း ဖြစ်နေသ၍ ငါတို့က လိပ်ပြာလုံလုံနဲ့ လက်ခံနိုင်ဖို့ပဲလိုတယ်"

"ဟုတ်ကဲ့ ၊ဒါဆို company ရုံးခန်းကို တပတ်အတွင်း ရွှေ့နိုင်အောင် ပြင်ထားလိုက်ပါ့မယ်"

"အင်းပါ အဲဲဒါထက်လေ ငါတို့ ဝန်ထမ်းသစ်ခေါ်ဖို့."

"ဪ အဲ့ဒါ ကျွန်တော်လုပ်ပြီးပြီ ကိုလေး interview ကြမှတချက်လာကြည့်လိုက်လေ"

ဟေဝန် ခေါင်းသာငြိမ့်ပြလိုက်သည်။ညီလေးလည်း ထွက်သွားပြီမို့ ခုဏကြည့်လက်စကို ပြန်ကြည့်နေလိုက်သည်။

ဟေဝန် ကိုရီးယားမှာ နေခဲ့တုန်းက အဲဒိကရာသီဥတုနဲ့ မြေဆီလွှာအကြောင်းအထူးလေ့လာခဲ့သည်။ယူထားတဲ့ မေဂျာအတွက် ဟေဝန် သူငယ်ချင်းကို အကူညီတောင်းပြီး စိုက်ခင်းထဲထိ မရမက သွားကာ သူတို့ စိုက်ပျိုးရေးအတွက် ဘယ်လိုတွေ ပြင်ဆင်ထားသလဲ။ဘယ်လို မျိုးပင်ကို ရွေးချယ်သလဲ ၊မြေသြဇာဆိုရင်ရောဘာကိုသုံးလဲ ..စသဖြင့် မှတ်သားလာခဲ့သည်။

ပြန်ရောက်ထဲက မာမီလက်ငုတ်လုပ်ငန်းဖြစ်သည့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးကို ဟေဝန် တစိုက်မတ်မတ် လုပ်လာခဲ့သည်။နားလည်သင့်သလောက်နားလည် အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပြီမို့ ဟေဝန်ထိုလုပ်ငန်းကို ထပ်မလုပ်တော့။

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now