အပိုင်း ၄

167 16 2
                                    

(၄)

ချောင်းရိုးက ပေါက်ပန်းတွေ လေးကြိမ်မြောက် ရဲရဲနီနေပြီး ကျွန်းပင်တွေ ရိုးတံပြိုင်းပြိုင်းနှင့် ရွက်ဝါကြွေချိန် ဖြစ်သည်။

ရဂုံ ဘေဂဗေဒ စာအုပ်ကို ပိတ်လိုက်ပြီးတဖက်ယပ် တဲလေးပေါ်မှ ဆင်းခဲ့လိုက်သည်။

"သား ဘယ်သွားမလို့လဲ"

မတ်ပဲတွေ ပြာခတ်နေသည့် အဖေကနဖူးမှ ချွေးကို လက်ခုံနှင့် ဖိသပ်ရင်းမှ မေးလာသည်။ကုန်လွန်ခဲ့တဲ့ သုံးနှစ်ကျော်လေးနှစ်အတွင်း အဖေသည်သိသိသာသာ အရွယ်ကျ သွားခဲ့သည်။

"ညီလေးဆီ ခဏပါ၊ မနက်ဖြန် ပြန်ရင် မတွေ့ရတော့ဘူးလေ"

"အေးပါ မမှောင်ခင် ပြန်လာနော်"

"ဟုတ်ကဲ့ အဖေလဲ နားပါဦး"

"အေးပါကွာ"

အသက် ၃၅စွန်းစွန်းသာ ရှိသေးသောအဖေက အရွယ်နှင့် မလိုက်အောင်ပင် ရင့်ချော်နေသည်။ရဂုံအတွက်နဲ့ အလုပ်မျိုးစုံလုပ်ပြီး ပင်ပန်းမှု ဒဏ်ကိုခါးစည်းခံခဲ့ရသည်။

အမြဲတမ်း ရဂုံဦးဆိုသော ကိုယ့်အတွက်ဦးစားပေးခဲ့သည်။"ဆယ်တန်းကျောင်းသားကြီး ငါ့သားအတွက်"ဟုဆိုကာ အရာရာ ဖြည့်ဆည်းပေးခဲ့သည်။တကယ်ပါ ကိုယ့်အတွက်လိုအပ်ချက်ဆိုတာ မရှိရလေအောင်ပံ့ပိုးပေးခဲ့တာ။

အမေသည်လည်း ထိုကဲ့သို့ပါပဲ။ရဂုံ ပန်လူးမှာ ကျောင်းတက်နေစဥ်အတွင်း သားကြီးဖို့ဟု အမြဲရေရွတ်လျှက် ကောင်းနိုးရာရာဟင်းတွေ၊မုန့်တွေပို့ပေးခဲ့သည်။အင်္ကျီကို ကိုယ်တိုင်ချုပ်ပေးခဲ့သည်။

ကျောင်းပိတ်လို့ ပြန်လာပြီဆို သူ့မှာအပြေးအလွှား ချက်ရပြုတ်ရတာ။ ရာသီစာ ဓာတ်စာ မျှတအောင်ဂရုတစိုက် ကျွေးမွေးဖို့အတွက်လေ။

ညီလေးကတော့ အားလုံးထဲမှာ ရဂုံ့ကိုဂရုအစိုက်ဆုံး။ဝပ်လျားမှောက်နေရင် တက်နင်းပေးတာမျိုး။စာအုပ်နဲ့ယပ်ခတ်နေရင် ရေပြေးခပ်တာမျိုး။အလိုက်တသိနဲ့ကို လုပ်ပေးရှာတာ။

"ဟေ့ အကြီးလေး ရွာထဲလား"

"ဟာ ဆရာမလေး ဘယ်ကပြန်လာတာလဲ"

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now