PART - ( 7 )

468 32 2
                                    

    မနက်စောစောအချိန်မှာပဲ စိတ်‌ေတွအရမ်းရှုပ်ထွေး‌ေနရပြီး နန်းတော်လျှောက်လမ်းမှာ
တစ်ယောက်တည်း အားယုတ်‌ေလျာ့စွာ
လျှောက်လာ‌‌ေနတဲ့ ဝန်ကြီးချုပ် Ryder ...

ညကတင်ပဲ သူ့ရဲ့မိတ်ဆွေရင်းတွေထဲက
ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး Zeke Schultz
ဟာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး

အခုမနက်ခင်းမှာတော့ သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး Joseph Carlos Armstrong ဟာ
ပြစ်မှုပေါင်းများစွာရဲ့စွဲချက်တွေ အတင်ခံ
ထားရသည်။
သူ့အတွက်တော့ မြန်ဆန်လွန်းတဲ့ ဖြစ်ရပ်
တွေကြောင့် အံ့အားလည်း သင့်ရသလို
ထိုအရာတွေအပေါ် တုန်လှုပ်နေမိသည်။

_
_

" ဝန်ကြီးချုပ် Vincent .."

     ထိုတည်တည်ကြည်ကြည် ခေါ်သံကြောင့် သူ့ရဲ့အနောက်ကို လှည့်ကြည့်လိုက်တော့ နန်းလျာမင်းသမီး Freen ဖြစ်နေခဲ့သည်။

" မေးစရာ နည်းနည်းရှိလို့ပါ .."

       Ryder က Freen ကို အရိုအသေပေး
ဦးညွှတ်လိုက်ကာ

" မှန်လှပါ.. နန်းလျာမင်းသမီး .."

" ခမည်း‌ေတာ်က Armstrong တွေကို
  ဖမ်းဝရမ်းထုတ်လိုက်တဲ့ သတင်းစကားက
  အမှန်တကယ်ပဲလား ? .."

နန်းလျာမင်းသမီးကလည်း သူမ သိထားပြီးပေမယ့် သေချာချင်လို့ တုန်လှုပ်စွာ မေးလာ
ခဲ့သည်။ သူမကို ကြည့်ရင်း Ryder လည်း သက်ပြင်းခပ်ဖွဖွလေး ချလိုက်ပြီး

" မှန်လှပါ .. နန်းလျာမင်းသမီး
  အဲ့ဒီသတင်းဟာ အမှန်ပါပဲ .."

" ဘယ်လိုတွေ ဖြစ်သွားရတာလဲ ?.. "

" မှန်လှပါ.. နန်းလျာမင်းသမီး
  ဘဏ္ဍာရေးဝန်ကြီးနဲ့ ကျန်တဲ့ Armstrong
  မျိုးနွယ်တွေက ဘုရင်ကြီးကို လုပ်ကြံမှု ၊
  ကာကွယ်‌ေရးဝန်ကြီးကို လုပ်ကြံမှု ၊
  ဘုရင့်ဘဏ္ဍာရေးငွေ အလွဲသုံးစားလုပ်မှု
  စတာတွေနဲ့ စွပ်စွဲခံထားရတာပါ .."

           နန်းလျာမင်းသမီးက နားထောင်ရင်း
မျက်မှောင်လေး ကြုပ်လာသည်။ Ryder က
ဆက်ပြီး

" ဒီမနက်အစောပိုင်းအချိန်မှာပဲ ဘုရင်ကြီး
  က Armstrong မျိုးနွယ်ဝင်‌ေတွ အတွက်
  ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်..
  လူကြီးလူငယ်ကနေ ကလေးအထိပါ
  အလွတ်မပေးပဲ ဖမ်းဆီးခံရမှာပါ .."

The Moon & Her Royal SunTempat cerita menjadi hidup. Temukan sekarang