PART - ( 8 )

478 31 2
                                    

        ဓားတွေ လှံတွေ ကိုယ်စီကိုင်ဆောင်ကြ
ထားတဲ့ တော်ဝင်အစောင့် တပ်သားတွေဟာ
ညီညီညာညာ ဖြတ်သွားလို့နေသည်။

အခု Freen နဲ့ Bec လေးတို့ ရောက်နေတဲ့ နေရာဟာ အကျဉ်းထောင်နဲ့ မနီးမဝေးနေရာဖြစ်ပြီး
၄ ယောက်အစု အစောင့်တပ်သား‌ေတွ
ကတော့ ၁၀ မိနစ်ခြားကို တစ်ခါ ဒီနေရာ
ကနေ ဖြတ်သွားကြလေ့ရှိတာပါပဲ။

      သူမတို့နှစ်ယောက်ဟာ သစ်ပင်အကွယ်
တစ်ခုကနေ လက်ရှိ ဖြတ်နေတဲ့ ကင်းလှည့်
အစောင့်တပ်သားတွေ ထွက်သွားမယ့် အချိန်
ကို စောင့်နေသည်။

ကင်းလှည့်အစောင့်တွေ လုံးဝသွားပြီဆိုတာ သေချာ‌ေတာ့မှ သူမတို့ နှစ်ယောက်သား
အသံတိတ်တိတ်ဖြင့် တစ်ယောက်လက်ကို
တစ်ယောက်ဆွဲပြီး အကျဉ်းထောင်ရှိရာဘက်
ကို ခပ်သုပ်သုပ် လျှောက်လာကြသည်။

      အကျဉ်း‌ေထာင် ဝင်ပေါက်တံခါးဝအနား
ရောက်လို့ သစ်ပင်အကွယ် တစ်ခုကနေ
ထပ်ပြီး ချောင်းကြည့်တော့ အစောင့်တပ်သားနှစ်ယောက်ဟာ ဝင်ပေါက်တံခါးကို
စောင့်ကြပ်လို့ နေကြသည်။

Freen က တစ်ခုခုကို စဉ်းစားဆုံးဖြတ်ပြီးမှ Bec လေးကို လက်ဆွဲကာ အစောင့်တပ်သား
နှစ်ယောက်ဆီကို လျှောက်သွားလိုက်သည်။

" နန်းလျာမင်းသမီး ? ..
  ဘယ်လိုဖြစ်ပြီး .. ဒီနေရာကို .."

       အစောင့်တစ်‌ေယာက်ရဲ့စကား မဆုံးခင်
မှာပဲ Freen ဟာ လျှင်မြန်စွာဖြင့် သူမရဲ့အလင်းဓာတ်မှော်ပညာကို သူမမျက်လုံးတွေ
က တစ်ဆင့် ထုတ်သံုးလိုက်သည်။ သူမ၏
လှပသော မီးခိုးရောင်မျက်လုံးလေးများမှာ
နဂိုထက် ပိုမိုတောက်ပနေခဲ့ပြီး အစောင့်
နှစ်ယောက်ဟာလည်း ထိုမျက်လုံးတွေကို
ကြည့်နေကြမိသည်။

     ခဏအကြာမှာပဲ ထိုအစောင့်နှစ်ယောက်
ဟာ ကျောက်ရုပ်လို ခဏတာ ငြိမ်သက်သွား
ပြီး အဲ့ဒီနောက်မှာတော့ Freen ကို ဦးညွှတ်
လာကြသည်။

" အမိန့်ရှိပါ .. နန်းလျာမင်းသမီး .."

" ငါတို့ အထဲကို ဝင်မယ် .. တံခါးဖွင့်ပေးပါ.."

" မှန်လှပါ .. နန်းလျာမင်းသမီး "

ပုံမှန်အသိစိတ်နဲ့သာဆို Freen ပြောလိုက်တာကို သူတို့‌ေတွ နာခံကြမှာ မဟုတ်ပါ...
အခုတော့ ချက်ချင်းနာခံပြီး ဝင်ခွင့်ပေးတဲ့
ထိုအစောင့်နှစ်ယောက်ဟာ တံခါးကို ဖွင့်ပေး
လိုက်ကြသည်။

The Moon & Her Royal SunWhere stories live. Discover now