PART - ( 16 )

727 43 14
                                    

" Bec လေး
   ဘာလို့ ခေါင်းကို ငုံ့ထားရတာလဲ ?..
   နေလို့ရော ကောင်းရဲ့လား .."

Freen က ခေါင်းချည်းငုံ့ပြီး လျှောက်နေတဲ့
ဘေးက Rebecca ကို မေးလာခဲ့သည်။

" နေက‌တော့ ကောင်းပါတယ် ..
   စောစောကတည်းက လူတွေက ဝိုင်းကြည့်
   နေကြသလို ဖြစ်နေတော့
   နေရတာ နည်းနည်းလေး .."

        Rebecca က ထိုနေရာမှာပဲ စကားစကို
ဖြတ်လိုက်သည်။ Freen ကလည်း နားလည်
သွားတော့ ပြုံးလိုက်သည်။

" အင်း.. သူတို့ကို စိတ်ထဲ မထားနေနဲ့နော်..
   ဒီတိုင်းလေး တို့နဲ့ နှစ်ယောက်တည်း
   အတူတူလမ်းလျှောက်နေတယ်ပဲ
   သဘောထားလိုက်ပါ .."

Rebecca က ခေါင်းလေးညိတ်လိုက်သည်။

" အင်း .."

Rebecca ကတော့ အရှေ့ကို ဆက်ကြည့်ပြီး
ဆက်လျှောက်နေခဲ့ပေမယ့် ဘေးက Freen
ကတော့ Rebecca ဘေးတစ်စောင်း မျက်နှာ
နုနုလေးကိုသာ တစိမ့်စိမ့် ကြည့်နေခဲ့သည်။

ငါ အခု အိမ်မက်မက်နေတာများလားလို့
တွေးမိတယ် ..
သူမနဲ့ အခုလိုမျိုး ဘေးယှဉ်ကပ်ပြီး
လက်ချင်းတွဲ လမ်းလျှောက်နေရတာက
ငါအမြဲလိုချင်နေခဲ့တဲ့ အခိုက်အတန့်လေး
တစ်ခုလိုပဲပေါ့...

ပြီးခဲ့တဲ့နှစ်တွေထဲ ဘယ်လို အမုန်းဓာတ်ခံ
မျိုးတွေနဲ့ ရှင်သန်နေခဲ့ရတယ် ဆိုတာ
မင်းလက်ကလေးကို ဆုတ်ကိုင်လိုက်ရုံနဲ့တင်
ကိုယ်ချင်းစာမိပါတယ် ..

ငါ သိပါတယ်..
မင်းကို အသက်မသေအောင် ကာကွယ်နိုင်‌ခဲ့
တာတော့ မှန်ပေမယ့်
စိတ်ဒဏ်ရာတွေဆီကနေတော့ မကာကွယ်
နိုင်ခဲ့ဘူး ဆိုတာကိုပေါ့ ..
အဆိုးဆုံးအပိုင်းကတော့ အဲ့ဒီတုန်းက
မင်းကို လက်လွှတ်ခဲ့ရတာပဲ..

         Freen တွေးရင်းနဲ့ပဲ သူမ ဆွဲထားသည့်
Rebecca ရဲ့ညာလက်ကလေးကို တင်းတင်း
လေး ဆုတ်ကိုင်ထားမိသည်။

ဒီတစ်ကြိမ်တော့ အဲ့ဒီလိုမျိုး
ထပ်အဖြစ်ခံတော့မှာ မဟုတ်ပါဘူး...

_
_
_
_
_
_

     Gabriel မြို့အပြင်ဘက်ကို ရောက်လာခဲ့
ပြီး တော်တော်လေး လျှောက်ပြီးတဲ့သကာလ
မှာ စမ်းချောင်းလေး ရှိရာနားသို့ ရောက်ရှိ
လာခဲ့သည်။

The Moon & Her Royal SunWhere stories live. Discover now