အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်

Start from the beginning
                                    

လူမိုက်များသည် အရိုင်းစိုင်းသဖွယ် အော်ရယ်ကြလေသည်။
"ချန်းမင် လား"

ရှန်ယွဲ့၏စိတ်ထဲတွင် ချန်းမင်၏နာမည်က ချက်ချင်းပေါ်လာပြီး မသင်္ကာသလို မေးလိုက်တော့သည်။

လူမိုက်များ၏မျက်နှာကို အကဲခတ်ကြည့်လိုက်ရင်းမှ သူမ၏ခန့်မှန်းချက် မှန်နေကြောင်း သိလိုက်တော့သည်။ သူမသည် စိတ်ထဲတွင် ခနဲ့တဲ့တဲ့ ပြောလိုက်တော့သည်။

ထင်တောင်မထားဘူး။ ချန်းမင်ရဲ့အုံးနှောက်က ထင်သလောက် မဖွံ့ဖြိုးတာပဲ၊ သူ့စိတ်ကလည်း မီးသွေးခဲထက်တောင် မဲသေးတယ်၊ ငါ့ကို သတ်ဖို့ ရေကန်ထဲ တွန်းချခဲ့ရုံမကသေးဘူး ငါ့ကို နာမည်ဖျက်ဖို့ လူမိုက်တသိုက်ကိုတောင် သီးသန့်ခေါ်ထားလိုက်သေးတယ်တဲ့လေ။

ဒီလို ရက်စက်တဲ့ သမီးတစ်ယောက်ကို မွေးနိုင်တဲ့ မြို့တော်ဝန်တစ်ယောက်လည်း သေချာပေါက် လူကောင်းဖြစ်မှာမဟုတ်ဘူး။ ဒီလိုဖြစ်လာမှတော့ ငါဆိုတဲ့ ရှန်ယွဲ့က ဒီအခွင့်အရေးကိုယူပြီး ဒီမိသားစုကို လက်ဆောင်ကြီးတစ်ခု ပေးရမှာပေါ့လေ။

ရှန်ယွဲ့သည် လူမိုက်များကို စကားထပ်ပြောခွင့်မပေးတော့ဘဲ မျက်မှောင်ကျုံ့ထားလိုက်တော့သည်။ မကြာမီ လူရိပ်များသည် တစ်ခုပြီး တစ်ခု မြေပေါ်ကျသွားပြီး ဘောလုံးတစ်လုံးလို လိမ့်ကာ အော်ဟစ်နေကြတော့သည်။ ရှန်ယွဲ့သည် လုံလောက်ပြီဟု မထင်သည့်နှယ် သံတစ်ချောင်းစိုက်ဝင်နေသည့် တံခါးပျက်တစ်ခုကို သည်အတိုင်း ကောက်ကိုင်လိုက်ပြီး လူမိုက်များကို ရိုက်ချလိုက်တော့သည်။

နောက်တစ်နေ့တွင် ရှန်ယွဲ့ကျောင်း၏ လမ်းဆုံက တံတားပေါ်၌ လူမိုက် ၇ ယောက် သည် ကြိုးဖြင့် ချိတ်ဆွဲခံထားရလေသည်။ သူတို့သည် ဘူသီးခြောက်များကို ချိတ်ဆွဲခံထားရသလို လေထဲတွင် ယမ်းနေပြီး ကြောက်စရာကောင်းသလို ရယ်စရာကောင်းနေတော့သည်။

သူတို့ဘေးတွင် လော်စပီကာ တစ်ခုကလည်း တွဲလောင်းကျနေ၏။ ထိုလော်စပီကာထဲမှာ အသံသွင်းထားသည့် တိပ်တစ်ခုကိုလည်း ဖွင့်လေသည်။ ချန်းမင်နှင့် သူမ၏အဖေက သူတို့အား ငွေကြေးဖြင့် လာဘ်ထိုးကာ မကောင်းသည့်ကိစ္စများကို လုပ်ခိုင်းပါသည်ဟူ၍။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now