အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့

Start from the beginning
                                    

သူမက ရှန်ယွဲ့ကို ဒီလူမိုက်တွေ စော်ကားပြီးနောက်ပိုင်း ဒီရွံစရာကောင်းတဲ့အပျက်မ ဝက်မကို ဘယ်လို လှောင်ပြောင်ရမလဲ စဥ်းစားတောင် ထားပြီးပြီလေ။ ဒီလူမိုက်တွေက ဘယ်လိုများ မလုပ်ဘူးလို့ ပြောနေရတာလဲ။

ချန်းမင်၏မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ သူမသည် မတတ်နိုင်တော့ဘဲ လိုက်လျောလိုက်ရတော့သည်။

" ငါ နောက်ထက် ၄၀၀၀ထပ်ပေးမယ် အိုကေလား"

"အရမ်းနည်းတယ်"

သွားခေါခေါနှင့် လူမိုက်တစ်ယောက်က အံကြိတ်လိုက်လေသည်။ သည်အချိန်တွင် ရှန်ယွဲ့သည် ညည အိပ်မက်ဆိုးပေးမည့် ဝတုတ်မ,မဟုတ်တော့ဘဲ ငွေပဒေသာပင် ဖြစ်သွားတော့သည်။

" အများဆုံး ၆၀၀၀ပဲ ၊ ငါ့မှာ ထပ်မရှိတော့ဘူး"

ချန်းမင် ရင်နာသွားပြီး သူမ၏မျက်နှာမှာ မဲမှောင်သွားတော့သည်။

" အေးအေး အေး၊ ဖြစ်တယ်၊ ငါတို့ ဒီည သူ့အိမ်နား စောင့်ကြည့်နေလိုက်မယ်၊ နင် မနက်ဖြန် ငါတို့ သတင်းကောင်းကို စောင့်နေလိုက်တော့"

လူမိုက်များသည် မသတီစရာပြုံးကာ အော်ရယ်နေကြလေသည်။

လူမိုက်များသည် ရှန်ယွဲ့အိမ်နားက ဆောက်လက်စအဆောက်အအုံနားတွင် မှောင်လာသည်အထိ စောင့်လိုက်ကြ၏။ သူတို့ အိပ်ပျော်ခါနီးတွင် သူတို့စောင့်နေသည့် ရှန်ယွဲ့မှာ အပြေးပြန်လာသည်ကို စောင့်ကြည့်နေလိုက်ကြသည်။ လူမိုက်များသည် စိတ်လှုပ်ရှားမှုဖြင့် သူတို့၏လက်သီးများကို ပွတ်သပ်နေကြလေသည်။

သူတို့သည် သည်ပတ်ဝန်းကျင်တွင် ဘုရင်များဖြစ်ကြ၏။ သူတို့သည် အမျိုးသမီးများကို အဓ္ဓမကျင့်ခြင်း၊ လုရက်ခြင်းခိုးယူခြင်း စသည်တို့ကို လုပ်လေ့ရှိသော်လည်း သည်နေ့တွင်တော့ အခကြေးငွေရထားလေသည်။ အလွန်အဖိုးတန်သည့် အတွေ့အကြုံတစ်ခု ပင်။

အမှန်တွင် ဘေးက ဆောက်လက်စအဆောက်အအုံနားတွင် စောင့်နေကြသည့် လူမိုက်တစ်အုပ်ကို ရှန်ယွဲ့ အစောကြီးကတည်းက သတိထားမိလေသည်။ သို့သော် သူမသည် ဒီပုရွက်ဆိတ်များကို လုံးဝခေါင်းထဲ မထည့်ဘဲ သူမ၏လေ့ကျင့်ခန်းကိုသာ တစ်ဆင့်ပြီး တစ်ဆင့် ပြီးအောင်လုပ်လိုက်သည်။ ထို့နောက်တွင်တော့ သည်ရွံ့စရာကောင်များကို ကိုင်တွယ်ရန် အချိန်ရလာတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now