အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့

Começar do início
                                    

ချန်းမင်သည် သူမ၏နာမည်မှာ လုံးဝပျက်စီးသွားတော့သည်။ သူမသည် ကျောင်းခန်းထဲလည်း ထပ်မသွားချင်တော့ပေ။ ထို့ကြောင့် ခွင့်ရက်အနည်းငယ်ယူပြီး အိမ်၌သာ နေတော့သည်။ ရှန်ယွဲ့က ထိုသတင်းကို ဖြန့်လိုက်သည်ဟု သူမ ထင်လိုက်၏။ သူမသည် ထပ်စော်ကားမခံနိုင်တော့ရာ ရှန်ယွဲ့ကို လက်စားချေရန် ငွေသုံးပြီး လူမိုက်အနည်းငယ်ကို ငှားရမ်းလိုက်တော့သည်။

" ရှေ့က အဲဒီဝက်မကို တွေ့လား၊ ငါတို့တွေ ဒီည သူ့ကို ပညာပေးမှာ"

ချန်းမင်သည် အံကြိတ်ကာ လူမိုက်များကို ရက်ရက်စက်စက် အမိန့်ပေးလိုက်လေသည်။

ရှန်ယွဲ့၏ ဝဖိုင့်ဖိုင့် ကျောပြင်ကို ကြည့်လိုက်ပြီး လူမိုက်များသည် စားထားသည့် နေ့လည်စာပင် ပြန်အန်ထွက်တော့မလိုပင်။ သူတို့သည် ခက်ခက်ခဲခဲ ကြည့်ကာ ပြောလိုက်၏။

" တော်ပါပြီ အမမင် ရာ၊ နင် ငါတို့ကို အဓ္ဓမကျင့်ခိုင်းတဲ့သူက ချောချောလှလှ မိန်းခလေးလို့ ထင်ထားတာ၊ ဒီလိုဝက်မကြီးလို့ မထင်ထားဘူး၊ သူ့ကို အဓ္ဓမကျင့်ဖို့မပြောနဲ့ ကြည့်ရုံနဲ့တင် အစားစားချင်စိတ်ပါ ပျောက်တယ်"

" ဂရုမစိုက်ဘူး၊ နင်တို့ ငါ့ပိုက်ဆံကို လက်ခံထားပြီးပြီဆိုတော့ ငါတို့တွေ အစကတည်းက သဘောတူထားတဲ့အတိုင်း လုပ်ရမယ်၊ ငါ သူနာမည်ပျက်တာကိုလိုချင်တယ် ပြီးတော့ သူ့ခေါင်းကို ဘယ်တော့မှ ပြန်မထောင်နိုင်စေရဘူး"

ချန်းမင်သည် ရှန်ယွဲ့အား အသည်းခိုက်အောင် မုန်းလေသည်။ ရှန်ယွဲ့သည် သူမကို တစ်ကျောင်းလုံးရှေ့တွင် အရှက်ခွဲခဲ့သည့်အတွက် သူမကလည်း ပိုရက်စက်သည့် ကိစ္စကို လုပ်ရလိမ့်မည်။

သူမသည် ငွေပေးလျှင် ဘာမဆိုလုပ်သည့် ဒီလူမိုက်များကို ငှားရပေမည်။ သူမသည် ရှန်ယွဲ့၏ သိက္ခာကို ဖျက်ဆီးပစ်ပြီး ကျောင်းတွင် ထိုအကြောင်းကို ဖြန့်ပစ်ရမည်။ သူမသည် ရှန်ယွဲ့ကို သူမခံစားရသည်ထက် ဆယ်ဆပြန်ခံစားရအောင် လုပ်ရပေလိမ့်မည်။

" မဖြစ်ဘူး၊ နင် ငါတို့ကို ပိုပေးမှဖြစ်မယ်"

လူမိုက်များသည် ဆန့်ကျင်ကြတော့သည်။ သူတို့အားလုံးသည် ထွက်သွားတော့မည်ဟန် လုပ်လိုက်ကြလေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Onde as histórias ganham vida. Descobre agora