"တောင်းပန်ပါတယ်ရွှေကူကလောသွားလို့ အကိုလေးကိုမကြည့်မိလိုက်ဘူးဖြစ်သွားတယ်ရွှေကူတောင်းပန်ပါတယ် "
"ဟေ့ ဟေ့အဲ့တာဘာလုပ်တာလဲ ထ ထ.."
ဘာများလုပ်တာလဲလို့ အောက်မှာဒူးထောက်ပြီးတောင်းပန်နေရှာသည့်ကောင်မလေးကို ကွန့်မြူးအမြန်ဆွဲထူလိုက်ရသည်။
"ဘာလို့ဒူးထောက်ရတာလဲကွ "
ဟုတ်သားပဲ။ ရွှေကူကအန်တီလေးတို့အိမ်မှာမှ မဟုတ်တော့ပဲ။ အဲ့အိမ်မှာနေခဲ့သလို မပြုမူပါနဲ့လို့အကိုလေးက ပြောထားသည့်ကြားကရွှေကူ ယောင်ယမ်းပြီးလုပ်ခဲ့မိသွားခဲ့သည်။ ဒီအကျင့်တွေက ဖျောက်ရခက်မှန်းရွှေကူသိခဲ့ပါပြီ။
"လာ ထမင်းစားမယ် "
"ဟုတ်"
ဆူလဲမဆူရက်။ အိပ်ချင်မူးတူးရုပ်လေးနဲ့ နာသွားသည်ဆိုတော့ပြာယာခက်စွာ တောင်းပန်နေသည့်ကောင်မလေးကိုဘယ်လိုဆူရက်ပါ့မလဲကွာ။ အရင်ကဆို ကွန့်မြူးအသားကိုနာအောင်လုပ်သည့်လူကို ဒီအချိန်သုံးလေးချက်လောက်ကြွေးပြီးပြီဖြစ်သည်။
မင်းကြောင့်ကိုယ်လဲ ဘာတွေဖြစ်ပြီး ဘာကောင်းကြီးဖြစ်နေမှန်းကိုမသိတော့ပါဘူးကွာ ကောင်မလေးရာ။
"သမီးနိုးပြီလား"
"ဟုတ်မေမေကြီး"
"ဟက်ချိုး.."
"ကဲဖျားပြီမလား မာမီ့ကိုပြောပါတယ်ညနေကြီးမအိပ်စေပါနဲ့ဆို"
ဒေါ်မာသမီးနဖူးကိုကိုယ်လေးစမ်းကြည့်တော့ နွေးနွေးလေးပင်ဖြစ်သည်။
"သိပ်တော့မဖျားပါဘူး သမီးထမင်းစားပြီးဆေးသောက်လိုက်နော်"
"ဟုတ်မေမေကြီး"
"လာလာထိုင်သမီး အကုန်အဆင်သင့်ဖြစ်ပြီ"
"ဟုတ်"
ရွှေကူထိုင်လိုက်တော့ အကိုလေးကအကြည့်စိမ်းစိမ်းကြီးနှင့်ကြည့်နေလေသည်။ ရွှေကူ့ကိုစိုးရိမ်လို့ပြောမှန်းရွှေကူနားလည်ပေမယ့် ရွှေကူလဲမတတ်သာလို့အိပ်သွားရတာကိုအကိုလေးရယ်။ နောက်ဆိုဆင်ခြင်ပါ့မယ်။
"စားပါ ကိုက်မစားပါဘူး"
"ဟုတ်"
"ဘာဖြစ်လို့လဲသား"
Patr 💭 10 (U&Z)
Comenzar desde el principio