အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု

Start from the beginning
                                    

ထွက်မသွားမီ ခေါင်းဆောင်သည် သူ့သရုပ်ဆောင်ချက်ကို အဆုံးသတ်ရန် မမေ့လိုက်ချေ။

" ပြောပြပေးလို့ ကျေးဇူးပဲနော်၊ အခုတလော လုံခြုံရေးတွေက မကောင်းဘူး၊ ညဆို အပြင်မထွက်နဲ့"

" ဟုတ် ဟုတ် ရဲအရာရှိကြီးတို့ ကြိုးစားကြနော်၊ သူခိုးနောက်လိုက်တာက အရေးကြီးတယ်၊ မြန်မြန် သွားကြတော့"

ရှန်ယွဲ့သည် ခေါင်းတွင်တွင် ညိတ်ကာ လူသ-တ်သမားများက သူမညွှန်ပြလိုက်သည့် လမ်းကြားထဲ အပြေးဝင်သွားသည်ကို ပြုံး၍ ကြည့်နေလိုက်လေသည်။

အရူးတစ်သိုက်။ သူတို့တွေ ပုရွတ်ဆိတ်အိမ်ထပ်တောင် ရှုပ်ထွေးတဲ့ ဒီရပ်ကွက်ထဲဝင်လိုက်ပြီဆိုတာနဲ့ လွယ်လွယ်နဲ့ ပြန်ထွက်လို့ရတော့မှာမဟုတ်ဘူး။

ရှန်ယွဲ့သည် ထိုငတုံးတစ်သိုက်ကြောင့် အော်ရယ်မိမတတ်ဖြစ်သွားတော့သည်။

ရှန်ယွဲ့သည် သိုလှောင်ရုံဆီ ပြန်ရောက်လာချိန်၌ သူမ၏အမူအရာသည် အနည်းငယ် အေးဆေးနေ၏။

" အဲဒီလူတွေ အဝေးကြီးရောက်သွားပြီ၊ သူတို့ခဏနေ ပြန်လာလောက်တယ်၊ သွားစို့၊ ငါ နင့်ကို ခေါ်သွားပေးမယ်"

" နင့်သရုပ်ဆောင် စွမ်းရည်က တကယ်ကောင်းတာပဲ၊ သူတို့တွေကို ကောင်းကောင်း လှည့်စားနိုင်တယ်"

ကျိုးယန်သည် ရှန်ယွဲ့နှင့် ထိုလူသ-တ်သမားတို့ အပြန်အလှန်ပြောစကားကို နားထောင်လိုက်ပြီးနောက် တအံ့တဩနှင့် ပြောလိုက်လေသည်။

"သူတို့တွေ ပါမွှားလေးတွေပါ"

ရှန်ယွဲ့သည် ထိုလူသ-တ်သမားကို လုံးဝ ဂရုမစိုက်ချေ။

ကျိုးယန်လို ကောက်ရိုးအိတ်ကြီးကတောင် သူတို့လက်က လွှတ်အောင် ပြေးနိုင်တဲ့ဟာကို။ အဲလူတွေက ဒီအတိုင်း လူသ-တ်သမားတွေကို သိက္ခာချနေတာ။

ကျိုးယန်သည် ရှန်ယွဲ့က စိတ်ထဲမှ သူ့အားအထင်သေးနေသည်ကိ မသိချေ။ ယခုမူ သူ့တွင် မျှော်လင့်ချက် အမျှင်တန်းလေးတစ်ခုရှိလာရာ သူသည် အသက်ပြန်ရှင် လာသယောင် စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now