Part 💭 7 (U&Z)

Start from the beginning
                                    

ရွှေကူ့တွန့်လိမ်ကာ အပေါ်မှအုပ်မိုးလိုက်နမ်းနေသည့်ကိုကိုကြီးကို အော်၍ရုန်းကန်နေရသည်။ရွှေကူကအခု ကိုကိုကြီးလက်ထဲမှအရုပ်လေးပမာရှိနေသည်ကို မုန်းလှသည်။ ကိုကိုကြီးကိုမတွန်းလှန်နိုင်တဲ့ ကိုယ့်ကိုလဲမုန်းလှပါသည်။

"လွှတ် အွန့်.. လူယုတ်မာကြီး ရွှေကူ့ကိုအနိုင်မကျင့်နဲ့ဟင့်.."

"အန်တီလေးရွှေကူ့ကိုကယ်ပါအုံး ဟင့် ကြီးမေ ကယ်ပါအုံး လူယုတ်မာကြီး ဖယ်  "

"ဖြောင်း "

"အား.."

ရွှေကူ့ပါးပြင်တစ်ခုလုံးကြိမ်းစက် နာကျင်သွားရသည်။ မသိလျှင်အသားလွှာတစ်ခုလုံးကွာကျသွားသလို နာကျင်နေရတော့သည်။ ရွှေကူ့မျက်မှန်လေးလဲဘယ်ရောက်သွားလဲမသိ လွင့်စင်သွားရတော့သည်။

"မင်းခေါ်တဲ့လူယုတ်မာကြီးက ဘာလဲဆိုတာအခုပြမယ်ကြည့်.."

*ဗြိ...*

"အမေ့ကယ်ပါအုံး ဟင့် ဟင့် ..."

ရွှေကူ့အင်းကျီလေးက ရင်စေ့လေးဖြစ်နေသည်ကြောင့် ကိုကိုကြီးဆွဲဖြဲလိုက်သောအခါ ကျယ်သီးတွေပြုတ်ထွက်ကုန်လေသည်။ ခြေထောက်တွေကလဲရုန်းမရ လက်တွေနဲ့ရိုက်ပါလျှက်လဲ အရာမဝင်ထိုလူကြီးက ရွှေကူ့ကိုအတင်းလိုက်နမ်းနေလေသည်။ အော်ဟစ်အကူညီတောင်းနေပေမယ့် ဘယ်သူမှမကြားသည့်အလားတိတ်ဆိတ်နေလေသည်။ ရွှေကူ့မှာတော့ မျက်မှန်လဲမကပ်နိုင် အင်းကျီတို့ကလဲ မလုံခြုံစွာနှင့် မျက်ရည်တွေသွင်သွင်စီးကျကာ အကူညီတွေတောင်းနေမိသည်။ ဒီအိမ်ကြီးမှာ ရွှေကူ့ကိုကယ်မယ့်လူမရှိတော့ဘူးလား။ ရွှေကူဒီလောက်ခေါ်နေတာတောင် မကြားကြတော့ဘူးတဲ့လား။ ရွှေကူ့ဘဝလေးပျက်ရတော့မှာလား။ အန်တီလေးတို့လုပ်ရက်တယ် ရွှေကူ့အသံကိုကြားနိုင်ပါရက်နှင့် တိတ်ဆိတ်ပြီးနေနိုင်ကြတယ်နော်။

"ကယ်ပါအုံး ဟင့်..."

"ခွမ်း..."

"အာ့.."

ရွှေကူ့လက်ထဲကိုင်မိသည့်ဖန်ခွက်နှင့် ကိုကိုကြီးခေါင်းကိုရိုက်ချလိုက်တော့သည်။ နာလို့ လဲသွားသည့်ကိုကိုကြီးကို တွန်းဖယ်ကာရွှေကူအိမ်အောက်သို့ပြေးလာခဲ့တော့သည်။ ပွင့်နေသည့်အင်းကျီတွေကိုလဲ အတင်းဆွဲဖိထားကာရွှေကူဝိုးတို့ဝါးတာနှင့် ခြံတံခါးဆီပြေးလာလိုက်တော့သည်။

True Love 💭 (Completed)Where stories live. Discover now