Part 💭 7 (U&Z)

Start from the beginning
                                    

"ရှင် "

"မင်းကိုဘယ်သူကပြန်ရမယ်လို့ပြောလို့လဲ"

"မျက်ရည် ဒီမျက်ရည်တွေကိုမကြိုက်ဘူး ဘယ်လိုလုပ်ရမလဲ.."

ရွှေကူ့လက်နှစ်ဖက်ကို လက်ကောက်ဝတ်မှချုပ်ထားကာ ရွှေကူ့ပါးတွေကိုကိုင်လာသည့်ကိုကိုကြီးလက်တွေကို ရွှေကူမျက်နှာလွှဲ၍ရှောင်ဖယ်မိသည်။

"ဟင့်.."

"ဘာလို့ရှောင်တာလဲ"

ပါးနှစ်ဖက်ကိုလက်တစ်ဖက်ထဲနှင့် ဆွဲညှစ်ထားသည့်ကိုကိုကြီးက ဒေါသတွေထွက်နေသယောင်။

"မင်းကဟိုအိမ်ကိုပြောင်းတော့မှာမလား"

ရွှေကူထိုလက်တွေကြားမှ ခေါင်းငြိမ့်ပြလိုက်သည်။

"လက်ဆောင်မပေးခဲ့ချင်ဘူးလားကိုကိုကြီးကို"

လက်တွေဖြေလျှော့ကာ ပါးတွေဆီရောက်သွားပြန်သည့်လက်တွေကို ရွှေကူလန့်ရသည်။ တစ်ကိုယ်လုံးလဲကြောက်စိတ်ကြောင့်တုန်ယင်နေသည်ကို ကိုကိုကြီးကတော့ဂရုမစိုက်ပေ။

"ရွှေကူ့​ပိုက်ဆံစုပြီး ဝယ်ပေးပါ့မယ်"

"မင်းသာလက်ဆောင်ပေးခဲ့ချင်စိတ်ရှိရင် ပိုက်ဆံနဲ့ဝယ်ပေးလို့ရတဲ့လက်ဆောင်မဟုတ်ဘူး တစ်ခြားဟာယူမှာကိုယ်က"

"ဟင့်.. ကိုကိုကြီး ဘာလုပ်တာလဲ ဟင့် လွှတ် ရွှေကူ့ကိုအဲ့လိုကြီးမလုပ်ပါနဲ့ "

ရွှေကူ့လည်ပင်းတွေဆီအတင်းနမ်းနေသည့်ကိုကိုကြီးကိုရွှေကူ တွန်းလွှတ်၍ငိုယိုကာရုန်းနေရသည်။

"အဲ့လိုမလုပ်ပါနဲ့ ဟင့်.. အန်တီလေးရေကယ်ပါအုံး .."

"အော်နိုင်တယ်ပေါ့ အော်နိုင်သေးတယ်ပေါ့မင်းက"

"အ.."

ရွှေကူ့ကိုကုတင်ထက် အားနှင့်တွန်းလှဲလိုက်သည်ကြောင့် ရွှေကူလည်ပင်းနာသွားရသည်။ အနည်းထမည်ကျန်တော့ ကိုကိုကြီးကဖိထားလေတော့သည်။

"ငါဘယ်လိုအပြစ်ပေးမလဲ မင်းကြည့်နေ"

"ကိုကိုကြီး လွှတ်.. ကြီးမေရေကယ်ပါအုံး ဟင့် လူယုတ်မာကြီး လွှတ် .."

True Love 💭 (Completed)Where stories live. Discover now