ဝုန်း ..ဘုန်း..ဘုန်း..ဘုန်း[မသိတော့ဘူးဗျာ ဒုတ်နဲ့ရိုက်နေတဲ့အသံလို့ပဲမှတ် Kiရေးတက်တော့ဘူး]

ရော်မာ : အား!!!!သခင်ကြီး သတ်..သတ်ပေးပါတော့နော်..အား!! သ..သခင်ကြီးသေ..သေပါ..ရ...စေ..တော့

ရှောင်ကျန့် နံပတ်ဒုတ်ရတယ်ဆိုရင်ပဲ ရော်မာအားစတင်ရိုက်နက်လေသည်မှာ ဘယ်နှချက်မှန်းတောင်ရေတွက်၍ရမည်မထင်

ယွီပင် : ဘော့စ် အချက်လက်ဖိုင်တွေရပါပြီ

ရှောင်ကျန့်ယွီပင်းပေးတဲ့ဖိုင်ကိုကြည့်ပြီးတော့ နှုတ်ခမ်းမှာလခြမ်းပုံသဏ္ဌာန်ကွေးညွှတ်သွားကာ လှောင်ရယ်သံထွက်ပေါ်လာတော့တယ်

ရှောင်ကျန့် : အဟက် ...ငါထင်တဲ့အတိုင်းပါပဲလား။ ရော်မာမင်းကို ငါ့လုပ်ငန်းကိုဖြတ်ဆီးဖို့ပဲဆိုဒီလောက်ထိပေးဆရာအကြောင်းမရှိဘူး ကျန်တာဘာခိုင်းသေးလည်း အေး..ငါကအမှန်ပြောမှကြိုက်တာနော်

ရှောင်ကျန့်ရဲ့မျက်နှာကတည်တင်းနေပေမဲ့ လှောင်ပြုံးကိုလည်းချိတ်ဆွဲထားသေးသည်။ မြင်သူတကာ ရှိန်စေလောက်တဲ့မျက်နှာမျိုးကိုပိုင်ဆိုင်ထားတဲ့ထိုလူသားရဲ့အကြည့်စူးစူးတွေကြောင့်ရော်မာ မှာသေရမည်ထက်တောင်ပို၍ကြောက်မိနေသည် ထိုလိုလူမျိုးကို အဘယ်သို့လိမ်နိုင်မည်နည်း ပြီးတော့ သခင်ကြီးအားသစ္စာအဘယ်သတ္တိနဲ့သူဖောက်မိသွားလည်းသူ့ကိုသူတောင် ပြန်တွေးရင်းနောင်တရနေမိသည် ခုတော့သိန်းငါးထောင်ဆိုတဲ့‌ငွေလေးကြောင့်သူ့မှာရှင်ရက်နဲ့ငရဲကြနေသလိုခံစားနေရတာ သူငွေမတ်မိတာမှားပြီ

ရော်မာ : သ..သခင်..သခင်ကြီး..သူ..သူက..ကျ ကျွန်..တော့ကို သခင်ကြီးနဲ့ လေယာဉ်... လေယာဉ်ကွင်းမှာ ‌တွေ့ ..တွေ့.. တွေ့လိုက်တဲ့ ကောင်...ကောင်းလေးအကြောင်းစုံစမ်း...

[ဒဏ်ရာတွေနဲ့ဆိုတော့ အားယူပြောနေတဲ့ပုံစံပဲမှတ်😜]

ရော်မာရဲ့စကားမဆုံးခင် ရှောင်ကျန့်ရဲ့လက်ထဲဘယ်လိုမှန်းမသိရောက်ရှိလာတဲ့သုံးလက်မအရွယ်ရှိတဲ့ဓားတစ်ချောင်းဟာ သူ့သခင်ရဲ့ဦးတည်ရာဖြစ်တဲ့ ရော်မာလည်ပင်းသို့။ ရော်မာရဲ့မျက်ဝန်းတို့မှာပြူးကျယ်လာပြီး နှုတ်ခမ်း၏ညာဘက်မှစီးဆင်းလာသည့်သွေးစက်များနှင့်အတူ မြစ်ထဲရှိရေများအားမစီးဆင်းအောင်ပိတ်ဆို့ထားသည့်တာများကြိုး၍ရေ‌များအတားဆီးမရှိစီးဆင်းလာသလို ရော်မာရဲ့လည်ပင်းမှသွေးများဟာလည်းအိုင်ကနဲမြေပြင်သို့သက်ဆင်းယုံ မက လူတစ်ယောက်ရဲ့ မျက်နှာအား ရေဖြင့်ဖြန်းကနဲပတ်လိုက်သကဲ့သို့လွင့်ဆင်သွားတော့တယ်။

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now