Part 💭 5 (U&Z)

Start from the beginning
                                    

"ဗျာ..."

"ဟုတ်တယ် ကျောင်းလဲဆက်မထားနိုင်တော့ဘူး ဆက်ပြီးလဲမထိန်းကျောင်းနိုင်တော့ဘူးဆိုပြီး ကူညီပါလို့ဒူးထောက်တောင်းပန်လို့ ခေါ်လာခဲ့တာ အန်တီတို့ကသဘောကောင်းလွန်းလို့ လစာပေးပြီး အလုပ်ခန့်တဲ့အနေနဲ့ခေါ်ထားတာကွယ့် ပြောရမယ်ဆိုရင် ရွှေကူကအန်တီတို့ရဲ့အလုပ်သမားလဲမဟုတ်ဘူး မိသားစုဝင်လဲမဟုတ်ဘူး ဒါပေမယ့်ရွှေကူကဒီအိမ်ကတော့ပြောင်းလို့မရဘူးသားကွန့်မြူး သူ့အဒေါ်ကိုယ်တိုင်ထည့်ထားတာမို့ အန်တီတို့ကခွင့်ပြုလို့မရဘူး"

ဒါဆိုဒေါ်လေးကိုယ်တိုင်က ရွှေကူ့ကိုစွန့်ပစ်လိုက်တာပေါ့။ ဖေဖေနဲ့မေမေလို ရွှေကူ့ကိုစွန့်ပစ်ခဲ့တာပေါ့လေ။ ဒေါ်လေးရယ်ရွှေကူ့ကိုကျောင်းမထားနိုင်ရင်လဲ ရွှေကူကျောင်းထွက်မှာပေါ့။ ဒေါ်လေးရှာမကျွေးနိုင်လဲ ရွှေကူအလုပ်ထွက်လုပ်ပြီးဒေါ်လေးကိုပါရှာကျွေးမှာပေါ့ ဒေါ်လေးရယ်။ အခုတော့ရွှေကူ့ကိုစွန့်ပစ်ပြီး ဒီငရဲတွင်းကြီးကိုနိဗ္ဗာန်ထင်ပြီးပို့ခဲ့တာပေါ့။ ရွှေကူ့ကိုဒီနှစ်တွေမှာ သမီးပျော်ရဲ့လားအဆင်ပြေရဲ့လားတောင်မမေးခဲ့တဲ့ဒေါ်လေးက မအားလို့လို့ထင်နေခဲ့တာ အမှန်က ရွှေကူ့ကိုစွန့်ပစ်ခဲ့တာတဲ့လား။ ရွှေကူ့ကိုရွာပြန်လာဖို့မပြောတာဒါကြောင့်ပေါ့။ ရွှေကူလတိုင်းပေးနေခဲ့တဲ့ပိုက်ဆံတွေကို ရွှေကူမနှမြောပါဘူး ရွှေကူကတစ်နေ့ ဒေါ်လေးဆီပြန်လာပြီးအတူနေကြမယ်လို့တွေးထားခဲ့တာလေ အခုတော့။ ရွှေကူ့မှာပြန်လာစရာအကြောင်းတောင်မရှိတော့ဘူးတဲ့လား ဒီနစ်တွေအရူးတစ်ယောက်လို အနှိပ်စက်ခံပြီး ရွှေကူပိုက်ဆံတွေစုခဲ့တာလေဒေါ်လေးရယ်။

"ဟင့် ..."

နံရံနှင့်ကွယ်၍မီးဖိုခန်းဘက်တွင်ရွှေကူခိုးနားထောင်နေရာမှ ရင်ဘက်ထဲစို့တတ်စွာရွှေကူခံစားနေရပြီး ထိုနေရာတွေသာခွေခွေလေးထိုင်ချ၍ငိုနေမိသည်။

"မဟုတ်ဘူး စွန့်ပစ်တာမဟုတ်ဘူး "

"စွန့်ပစ်တာမဟုတ်ဘူး မဟုတ်ဘူး"

"ဒေါအုန်းဘာဖြစ်တာလဲ"

"ရွှေကူ ရွှေကူလေးအရင်လိုဖြစ်သွားလို့ ကိုတိုးကိုသွားခေါ်မလို့"

True Love 💭 (Completed)Where stories live. Discover now