Part 💭 5 (U&Z)

Start from the beginning
                                    

"၁၄ နှစ်သမီးတုန်းကတောင်လုပ်နိုင်သေးတယ် အခုအသက်၂၀ ပဲပြည့်တော့မယ် ပင်ပန်းရအောင်ကလဲ ညည်းပဲအလုပ်နှစ်လုပ်လုပ်ချင်လှပါတယ်ဆို ခွင့်ပြုပါဆိုလို့ငါကခွင့်ပြုထားတာနော် "

"ရွှေကူလုပ်နိုင်ပါတယ်"

"အဲ့တာဆိုဘာလို့ပြောင်းချင်တာလဲ ငါတို့ကညည်းကိုနှိပ်စက်နေလို့လားအေ "

မေးရက်တယ်အန်တီလေးရယ် အန်တီလေးတို့ကြောင့် ရွှေကူနလန်မထူနိုင်အောင်ထိ ကြောက်ရွံ့စိတ်တွေ သိမ်ငယ်စိတ်တွေ စိတ်ဒဏ်ရာတွေ ကိုယ်ပေါ်ကဒဏ်ရာတွေနဲ့ ရွှေကူခန္ဓာရောစိတ်ရောပြည့်နေပြီကို အန်တီလေးမို့နှိပ်စက်နေလို့လားလို့ မေးထွက်တယ်အန်တီလေးရယ်။

"မာကရွှေကူလေးကိုမွေးစားချင်တာပါ အလုပ်သမားအနေနဲ့ခေါ်မှာမဟုတ်ပါဘူး မထူးမြတ်ရယ် "

"ဘာပဲဖြစ်ဖြစ်ပေါ့မမာရယ် သူ့အဒေါ်ကထူးမြတ်ကိုအပ်ထားတာလေ အခုမှတစ်ခြားအိမ်ပြောင်းပြီးနေမယ်ဆိုတော့ သူ့အဒေါ်ကိုထူးမြတ်ကဘယ်အကြောင်းပြချက်နဲ့ပြောပြရမှာလဲ သူ့တူမကထူးမြတ်တို့အိမ်မှာမနေနိုင်လို့ ပြောင်းသွားတယ်လို့ပြောရမှာလား"

"ရွှေကူမပြောင်းတော့ပါဘူး "

"သမီးကလဲကွယ်"

"မေမေကြီးပြန်လိုက်နော် ရွှေကူကဆုံးဖြတ်ချက်မှားပြီးချမိသွားတာ မေမေကြီးတို့အိမ်ရွှေကူမနေချင်တော့ဘူး ရွှေကူဒီမှာပဲနေပါ့မယ်"

"မဟုတ်သေးဘူးလေကွာ "

"လုပ်စရာရှိသေးတယ်မလား သွားလုပ်လေ"

"ဟုတ်ကဲ့"

မဟုတ်ဘူးလေကွာ။ ဒီလိုဖြစ်သွားဖို့ သားမိနှစ်​ယောက်လာတာမှမဟုတ်ပဲ။ ကောင်မလေးကို ကိုယ့်အိမ်ကိုခေါ်သွားဖို့လာတာလေကွာ။ မင်းလေးကို ချောချောရူရူနဲ့ခေါ်သွားဖို့လေ။

"ကျွန်တော်တို့ကအလုပ်လုပ်ဖို့ခေါ်တာမှမဟုတ်တာအန်တီရယ် သူ့အဒေါ်တွေကလက်ခံပေးရမှာပေါ့"

"အန်တီတို့ကလဲရွှေကူ့ကို အလုပ်ခိုင်းဖို့ကြည့်ခေါ်ထားတာမဟုတ်ဘူး သားကွန့်မြူးရဲ့ သူ့အဒေါ်ကိုယ်တိုင်က သူမစောင့်ရှောက်နိုင်တော့လို့ ကျောတစ်ခင်းစာ ထမင်းတစ်လုတ်စာရရင်ကို သူ့တူမကိုစိတ်ချပါပြီဆိုပြီးထည့်ပေးလိုက်တာ "

True Love 💭 (Completed)Where stories live. Discover now