အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း

Start from the beginning
                                    

" အမ နင် ငါ့ကို တကယ်ကျေးဇူးတင်ရင်လေ နောက်ပိုင်း နင်ချမ်းသာလာရင် နင့်မောင်လေးကို ကောင်းကောင်းထားရမယ်နော်"

ရှန်ချန်သည် သူ့စကားကို အတည်ပြောလိုက်ခြင်းမဟုတ်ချေ။ သို့သော် ရှန်ယွဲ့က လေးလေးနက်နက် သဘောတူလိုက်လေသည်။

" ဒါပေါ့ ၊ ကတိ ၊ နောက်ဆိုရင်အထိတောင် စောင့်စရာမလိုပါဘူး၊ သိပ်မကြာခင် ငါနင့်ကို ကောင်းကောင်းနေရအောင် လုပ်ပေးမှာ"

ညနေကျောင်းဆင်းချန်၌ သူတို့နှစ်ယောက်သည် အိမ်သို့ အတူတူပြန်လာကြ၏။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ဆွန်းလင်သည် အပြေးအလွှားရောက်လာပြီး ရှန်ချန်သယ်ထားသည့် အိတ်ကို ကူသယ်ပေးကာ သူ့ဖိနပ်ကို ချပေးလိုက်လေသည်။ သူမသည် ကြည်လင်သည့်အကြည့်ဖြင့် ရှန်ယွဲ့တည်ရှိမှုကို လုံးဝ ပစ်ပယ်ထားလေသည်။

ရှန်ချန်သည် အစားအသောက်ကတ် အကြောင်းစဥ်းစားနေလေသည်။ သူ့အိတ်ကို ချထားလိုက်ပြိးနေက် ဆွန်းလင်ကို ပြောလိုက်၏။

" အမေ ကျွန်တော့်အသုံးစားရိတ် ကုန်သွားလို့ ၊နည်းနညးလောက် ထပ်ပေးပါအုံး"

ဆွန်းလင်းသည် သူမ၏မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်သွားသည်အထိ ပြုံးလိုက်လေသည်။ သူမ၏လက်ကို ခါပြလိုက်ပြီး

" အေး အေး အေး အမေ လက်ဆေးပြီးရင် သားအတွက် ယူပေးမယ်နော်"

ရှန်ရှင်းသည် ရှန်ချန်က အသုံးစားရိတ်တောင်းနေသည်ကို ကြားလိုက်ရချိန်၌ သူမသည် သံသယဖြင့် လျှောက်လာပြီး တမင် ပြောလိုက်သည်။

" ဒီနေ့ ရှန်ယွဲ့ရဲ့အစားအသောက်ကတ်ထဲမှာ ပိုက်ဆံမရှိတော့တာမလား၊ ရှန်ချန် နင် ဘာလို့ အမေ့ဆီက ပိုက်ဆံတောင်းနေတာလဲ"

ရှန်ရှင်း၏စကားကိုကြားလိုက်ပြီး ဆွန်းလင်သည် ချက်ချင်း သံသယဖြစ်သွားတော့သည်။ သူမသည် မျက်နှာ ပြောင်းသွားသည့် ရှန်ချန်ကို အကဲခတ်လိုက်လေသည်။ သူမသည် ရှန်ယွဲ့ကို လက်ညိုးထိုးကာ ဆဲတော့သည်။

" ငါ့ ချန်ချန်က သူ့ပိုက်ဆံကို အဲလောက်မြန်မြန် ကုန်အောင်မသုံးဘူးဆို သိသားပဲ၊ နင် ဝက်စုတ်မ၊ နင့်ပိုက်ဆံတွေအားလုံးကို သုံးလိုက်ပြီးတော့ နင့်မောင်လေးရဲ့ အသုံးစားရိတ်ကို လိမ်စားနေတာမလား"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now