အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း

Start from the beginning
                                    

ဒီညီမအရင်းက သူစိမ်းတစ်ယောက်ထပ်တောင် ပိုရက်စက်သေးတယ်။

ရှန်ယွဲ့ ကူကယ်ရာမဲ့သွားတော့သည်။ ရှန်ချန်သည် အသံကိုကြားလိုက်ချိန်၌ အပြေးရောက်လာပြီး ရှန်ယွဲ့အတွက် ငွေရှင်းပေးလိုက်လေသည်။

နှစ်ယောက်သားသည် ပန်းကန်ကိုယ်စီဖြင့် ထိုင်ချလိုက်ပြီးနောက် ရှန်ချန်က စိုးရိမ်တကြီး မေးတော့သည်။

" အမ နင့်အစားအသောက်ကတ်ထဲက ပိုက်ဆံကုန်သွားတာလား၊ ဒီနေ့မှ တနင်္လာနေ့ပဲ ရှိသေးတာမလား"

ရှန်ယွဲ့သည် သက်ပြင်းချလိုက်ပြီး

" ပြီးခဲ့အခေါက်တုန်းက ရှန်ရှင်း ငါ့ကတ်ကို ငှားသွားပြီး ငါ့ပိုက်ဆံတွေ အကုန်လုံးသွားတာ"

" ဟာ သူဘာလို့ အဲလိုလုပ်နိုင်ရတာလဲ"

ရှန်ချန်သည် မျက်မှောင်ကျုံ့လိုက်လေသည်။ စဥ်းစားမနေတော့ဘဲ သူ့အစားအသောက်ကတ်ကို ထုတ်ကာ ရှန်ယွဲ့ထံ လှမ်းပေးလိုက်၏။

" ငါ့ဟာ ယူထားပြီး အရင်ဆုံး သုံးထားလိုက်"

" နင်ကရော၊ နင်အဆာခံလို့မဖြစ်ဘူးနော်"

ရှန်ယွဲ့ မယူလိုက်ချေ။

" ငါ သဘက်ခါကျရင် အမေ့ဆီက အသုံးစားရိတ် တောင်းလို့ရတယ်၊ နင်က ရမှာမဟုတ်ဘူး၊ သူ နင့်ကို သေချာပေါက် ဆူလိမ့်မယ်"

ရှန်ချန် ရှင်းပြလိုက်၏။

သူသည် အိမ်တွင် ဆွန်းလင်၏ ရှန်ယွဲ့အပေါ်ထားသည့် သဘောထားကို နောကျေနေပြီဖြစ်သည်။ ဘာဖြစ်လာမည်ကို ကြိုသိနေ၏။

" အင်းပါ ဒါဆိုလည်း ငါ ယူထားလိုက်မယ်၊ ကျေးဇူးပဲနော် မောင်လေး"

ရှန်ယွဲ့သည် ထပ်မငြင်းတော့ဘဲ ရှန်ချန်အား ရင်းရင်းနှီးနှီး ပြုံးပြလိုက်လေသည်။

ရှန်ချန်မှာ ဒီလိုသဘောထားရှိမှတော့ ငါ ယောင်ဝါးဝါး မဖြစ်တော့ဘူး။ အခု ငါ့မှာ ငွေရှိလာပြီဆို ရှန်ချန်ကိုခေါ်ပြီး အဝတ်အစားကောင်းကောင်း တစ်ချို့ ဝယ်ပေးရမယ်။ သူဝတ်ထားတဲ့ အဝတ်အစားတွေက အပေါက်တွေနဲ့ ဖြစ်နေပြီ။

ရှန်ချန်၏မျက်လုံးများသည် လခြမ်းသဖွယ် ကွေးသွားတော့သည်။ ယခုတော့ သူသည် သူ့အမ၏အသွင်ကို မြင်ရသည်မှာ နေသားကျလာပြီး ရှန်ယွဲ့သည် ပြုံးလိုက်လျှင် တော်တာ်လှသည်ကိုလည်း အမှန်ပင် ခံစားလိုက်ရသည်။ သူသည် ရီစရာပြောလိုက်၏။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်On viuen les histories. Descobreix ara