part 1

3.4K 102 1
                                    

[Unico]
ခေတ်မှီလှပတဲ့တရုတ်နိုင်ငံရဲ့လူစီကားတဲ့မြို့တွေထဲကအဓိကအချက်အချာကြတဲ့မြို့တွေထဲမှာမှလူထူထပ်ပြီး အမျိုးမျိုးသောလူတွေနဲ့ပြည့်နှက်‌ေနပြီးစီးပွားကိုသမရိုးကြ ရှာဖွေကြသလို နိုင်ငံပိုင်လူတွေကိုအခွန်သာမန်ထက်ပိုဆောင်ပြီးအမြတ်ယူနေကြတဲ့ကာရာအိုကေ ၊ကလပ်ဘာ၊ဆိုတဲ့လူတွေကိုစိတ်ဝင်စားမှုမျိုးဆုံနဲ့ဖမ်းစားပြီးပိုက်ဆံရှာကြတဲ့သူတွေလည်းအပါဝင်ပေါ့
တစ်ချို့ကလပ်တွေက နေရာအလှတွေ တစ်ချို့က ရုပ်ရည်လှပတဲ့မိန်းမလှလေးတွေချစ်စရာဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားပျိုလေးတွေနဲ့တစ်ချို့ကခေတ်မှီခမ်းနားစွာပြင်ဆင်ပြီးတော့လူစိတ်ဝင်စားမှုများအောင်ပြုလုပ်ကြတယ်
အဲ့အထဲမှာကတော့ Double V ကလပ်ကလည်း တောင်ကုန်းနဲ့ချိုင့်ဝှမ်းတို့လိုအနိမ့်မြင့်မညီတဲ့နေရာလေးမှာဆောက်လုပ်ထားပြီး
Double V ထဲကနေကြည့်မယ်ဆို ညရှူခင်းတွေကိုလှပစွာမြင်တွေ့ရမဲ့နေရာပေါ့တစ်မျိုးပြောရရင်နေရာအလှနဲ့စွဲဆောင်ထားတဲ့ကလပ်တစ်ခုပေါ့ မိန်းမပျိုတွေထပ်ယောက်ကျားပျိုလေးတွေရဲ့ချစ်စရာလှုပ်ရှားမှုကိုအများဆုံးမြင်တွေ့နိုင်တဲ့နေရာပေါ့
လမ်းမကြီးကနေချိုးဝင်ရသေးတဲ့အတွက်လူအရောက်များတဲ့ ခမ်းနားတဲ့ဆိုင်ကြီးတွေလောက်ဘယ်များပ့မလည်း အစားသောက်ကလည်းပုံမှန်ပါပဲအထူးကောင်းမွန်တာမရှိပါဘူး
Double V ကလပ်မှာဆို သီချင်းဆိုကပြီးဆွဲဆောင်ကြတဲ့ လီလီ၊ ချင်အာ ၊ လီမေ၊ပင်ပင် တို့ထဲမှာမှ ပင်ပင်ကဝင်ငွေကောင်းအောင်ထိပ်ဆုံးကစွဲဆောင်နိုင်သူဖြစ်တယ်
ယောင်္ကျားပျိုလေးတွေကတော့ ရှောင်ချင်၊ အာယောင်၊ စုံရမ်း၊ယွီထန်၊ ထန်ရွဲ့၊ချီစန်၊ဝမ်ရိပေါ်၊ ဆိုပြီးတော့ရှိတဲ့အထဲမှာတော့ ဝင်ငွေအများဆုံးရှာနိုင်တာကတော့ ထန်ရွဲ့ပဲဖြစ်တယ်
အားလုံးထဲမှာမှဝင်ငွေအနည်းဆုံးဝင်တဲ့သူကတော့ဝမ်ရိပေါ်ပါပဲ
ဘာလို့ဆိုဝမ်ရိပေါ်ကည9နာရီဆိုစပြီးသီဆိုတယ် ကတာနဲ့ခန္ဓာကိုယ်ကိုဆွဲဆောင်မှုရှိအောင်လုပ်ပြရတာမကြိုက်တဲ့အပြင်သီချင်းအေးတွေသာသီဆိုတက်တဲ့လူငယ်တစ်ယောက်ဖြစ်နေလို့
ကလပ်မှာအလုပ်လုပ်ရင်ပင် အပျက်လို့ထင်ကြတဲ့ပတ်ဝန်းကျင်ကြားထဲမှာရိပေါ်လိုအသက်ပြည့်ကာစ18နှစ်ရွယ်အမျိုးသားလေးကအရှက်သိက္ခာနဲ့ကိုယ်ကျင့်တရားကိုအရမ်းတန်ဖိုးထားတယ်ဆိုလူတွေအမြင်မှာရီစရာဟာသတစ်ခုပဲဖြစ်နေမလား
သူဟာသူရဲ့တစ်ဦးထဲသောမိခင်ဖြစ်သူရဲ့ကျန်းမာရေးအတွက်ပညာရေးဆုံးခန်းတိုင်အောင်မတက်နိုင်တဲ့သူ့အဖို့ဒီအလုပ်ကပဲအားကိုးစရာရှိတာကို။ အထည်ကြီးပျက်သူတို့အဖို့ဘာမှမလုပ်ဖူးတဲ့ရိပေါ်လေးက ဒီအလုပ်ကပိုက်ဆံအလွယ်တကူဝင်ပြီးအမေကိုဆေးကုနေနိုင်တာကပင်ကျေးဇူးတင်စရာဖြစ်နေပြီမလား

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now