Part 💭 2 (U&Z)

Start from the beginning
                                    

ရွှေကူထမင်းချိုင့်သွားထားစဉ် နောက်မှတစ်တွတ်တွတ်ပြောနေသည့်မဇင်က အူယားဖားယားနှင့် လာဖတ်လေတော့သည်။

"ရွှေကူရောက်လာပြီဆိုတော့မဇင်မပူတော့နဲ့ ရွှေကူကအားကိုးရပါတယ်နော်"

"အဲ့တာကြောင့်မျှော်နေတာပေါ့ "

ရွှေကူကအလုပ်ဝင်တာမကြာသေးသလို အရမ်းကြီးလဲလုပ်ငန်းပိုင်းမကျွမ်းသည်ကြောင့် မဇင်ရဲ့ဘေးလက်ထောက်အဖြစ်တာဝန်ယူကာ ကူလုပ်ပေးရသည်။ ရုံးတွင်းစာရွက်ဖိုင်တွေကိုသာ တာဝန်ယူရပေမယ့် တစ်ခါတစ်လေ လုပ်ငန်းရှင်တွေနှင့် တွေ့ရသည့်အခါမျိုးဆိုမဇင်နှင့်လိုက်သွားပေးရသည်။ မဇင်ကယောက်ကျားရှိပေမယ့်အပျိုလေးအလား အရမ်းလှပါသည်။ ဝတ်တတ်စားတတ်၍လဲ ဤအလုပ်ရုံးတွင်မသိသူမရှိ အပြင်မှလုပ်ငန်းရှင်များကလဲ မဇင်နှင့်စကားပြောကြလျှင်ပြုံးဖီးလို့ စာချုပ်လက်မှတ်ထိုးရန်ကိစ္စတွေဆိုအလွယ်လေးပြီးသွားတတ်ပါသည်။ ဒါ့ကြောင့်ရုံးတွင်လဲ နေရာအတော်များများရသလို ဥက္ကဋ္ဌကြီးကတောင်အားကိုးရသည့်လူဖြစ်သည်။ မဇင်ကအလုပ်လုပ်တာတိကျသလို စည်းကမ်းလဲကြီးပါသည်။ ရွှေကူကလွဲ၍ မဇင်ကဘယ်သူ့မှ သူ့အနားမထားသလို ဘေးလူတွေကိုအကူအညီလဲမတောင်းတတ်သည့် ပုံစံမျိုးဖြစ်သည်။ ရွှေကူကိုလဲညီမလေးတစ်​ယောက်လိုချစ်သည့်မဇင်ကြောင့် ရွှေကူအလုပ်တွင်ပျော်နေရပါသည်။

အချိန်နဲနဲကုန်သွားတော့ ဝန်ထမ်းတွေလဲစုံ၍အလုပ်ခွင်ကြီး လည်ပတ်နေပြီဖြစ်သည်။ ​သိပ်မကျွမ်းသေးသည့် Computer လေးကိုကြိုးစားရိုက်၍ စာတွေစီကာ မဇင်ကိုကူပေးနေလိုက်သည်။

"မင်္ဂလာပါဥက္ကဋ္ဌလေး.."

"မင်္ဂလာပါဗျမဇင် "

ဘေးကမဇင်က ထ၍နှုတ်ဆက်လိုက်သည်မို့ရွှေကူလဲထကာ ခေါင်းလေးညွှတ်၍နှုတ်ဆက်လိုက်သည်။

"အယ် အကိုလေး"

"မင်းကမဇင်နဲ့အတူလား"

"ဟုတ်ကဲ့.."

"ဥက္ကဋ္ဌလေးကိုပြောဖူးတယ်လေ မဇင်ရဲ့လက်ထောက်ဆိုတာ "

"အော် "

အကိုလေးရုံးခန်းထဲဝင်သွားဆို....

"မဇင် ဥက္ကဋ္ဌလေးဆိုတာက"

True Love 💭 (Completed)Where stories live. Discover now