Part 💭 2 (U&Z)

Start from the beginning
                                    

"ထူးခန့်ရာ မင်းလွန်တယ်မထင်ဘူးလားကွ ကိုယ့်မှာလဲနှမရှိရဲ့သားနဲ့ ဘာလို့ဒီလောင်ထိကျူးလွန်နိုင်ရတာလဲ"
လို့ မေးမိတော့ပြန်ဖြေသည့်မအေဘေးက ငါ့အမေနဲ့ငါ့ညီမကလွဲရင် ငါကမိန်းမအကုန်လုံးကိုအချိုးမပြေရင် ရိုက်ချင်တာတဲ့လေ...

သူငယ်ချင်းအရင်းကြီးတွေဖြစ်ပေမယ့် ဒီလိုစိတ်ရှိတော့ကွန့်မြူးသိပ်တော့ ထူးခန့်ကိုဘဝင်မကျလှ။ ကိုယ်တိုင်လဲအထည်အလဲမိန်းခလေးတွေနဲ့တွဲပြီးအိပ်ခဲ့ဖူးပေမယ့် ဒီကောင့်လိုတော့လက်ပါပြီး နှိပ်စက်တဲ့ထိမရှိခဲ့ဖူးပေ။ ငါးယောက်တစ်ဖွဲ့ကိုသာတွဲမြင်ကြတဲ့လူတွေကြောင့် ကွန့်မြူးတို့အပေါ်လဲအနည်းငယ်တော့အကျိုးသက်ရောက်မည်ဖြစ်သည်။ တစ်ဖက်ကလဲစီးပွားရေးလုပ်ငန်းရှင်၏သမီးပဲမို့ ဒယ်ဒီ့နားထဲရောက်မည်တော့သေချာသည်။

"ဒယ်ဒီရယ် ဒူဘိုင်းမှာပဲအကြာကြီးနေပါဗျာ..."

မနက်စာစားရင်း ဒယ်ဒီဖြစ်သူကို မေတ္တာပို့ကာ ဒီသတင်းတွေထပ်မကြားဖို့ဆုတောင်းနေမိသည်။ အရင်ကထဲကဒီလိုကိစ္စတွေကကြုံဖူးဆုံဖူးပေမယ့် အခုလိုလုပ်ငန်းဘက်ဝင်နေသည့်အချိန်တွင် ဘာသံမှမကြားချင်ဘူးကွန့်မြူးဝေလို့ ရာဇသံပေးထား၍ ကွန့်မြူးဒီကိစ္စကို စိတ်ထဲထည့်နေရခြင်းသာ။

ဆိုင်ကယ်လေးထုတ်ကာ ဦးထုတ်လေးဆောင်း ထမင်းချိုင့်လေးချိတ်၍ လွယ်ထားအိတ်လေးကို ပုခုံးပေါ်တိုးတင်လိုက်ပြီး ရွှေကူမောင်း၍ထွက်ခဲ့လိုက်တော့သည်။ မီးပွိင့်တွေများသလို လမ်းတွေကလဲရှုပ်သည်မို့ သတိနှင့်မောင်းနေရပါသည်။တော်သေးအလုပ်ချိန် ၉ နာရီကို ရွှေကူကမနက် 8 နာရီထဲကအိမ်မှထွက်ခဲ့လို့သာပေါ့။

"ရွှေကူအလုပ်ပြန်ဆင်းပြီလား"

"ဟုတ်မဇင် မဇင်အစောကြီးရောက်နေတာလား"

"ရွှေကူမရှိတော့လက်တစ်ဖက်ပြုတ်သွားတယ်လေ အဲ့တော့အလုပ်တွေကမပြီး ညနေလဲအချိန်ပိုဆင်းရ မနက်လဲအစောလာလိုက်နဲ့ မဇင်တော့စိတ်ညစ်နေတာ အဲ့တာနဲ့အိမ်ဘုရားမှာဆုတောင်းခဲ့သေးတယ် ရွှေကူလေးပြန်လာပါတော့လို့လေ ကဲ ကြည့်ဆုတောင်းပြည့်ချက်က ရွှေကူလေးရောက်လာပြီ အမလေးချစ်လိုက်တာတော်"

True Love 💭 (Completed)Where stories live. Discover now