Part 💭 1 (U&Z)

91.4K 701 29
                                    

မနေ့က မကြိုး un လိုက်တာပါ။ ဘာလို့လဲဆိုတွေးစရာလေးရှိလို့ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် မကြိုးဘက်ကရေးနိုင်တဲ့အတိုင်းတာထိ ဒီဇာတ်ကိုတွေးပြီးရေးခဲ့တာမလို့ နောင်တလဲမရဘူး ပြင်ပေးဖို့လဲမရှိပါဘူး။ မင်းသမီးက နုပါတယ် စိတ်ဓာတ်လဲကျတယ် အိညှောက်အိညှောင်လဲနိုင်တယ်ပေါ့နော် အင်နိုးစန့်ပေါ့ အဲ့တော့ မဖတ်ချင်တဲ့အသဲတို့ကကျော်သွားပေ။ မကြိုးကတော့ ဖတ်နေတဲ့အသဲတွေရှိလို့ပြန်တင်ပေးပါပြီ။ ဟုတ် ကြားဖျက်ပြောသလိုဖြစ်သွားလို့ တောင်းပန်ပါတယ်။

ကွန့်မြူးဝေ 🌿 14.12.1995
ရွှေကူ 🌿 14.12.2002

True Love 💭 အပိုင်း-၁

ခပ်ရေးရေးမြင်နေရသော အလင်းရောင်ဖျဖျလေးသည် ဖွင့်ထားသည့်တစ်ခုတည်းသောပြူတင်းပေါက်လေးကိုကျော်၍ ရွှေကူ့မျက်လုံးတို့ထံ စူးဝင်ကျရောက်နေသည်။ နံနက်အချိန်လင့်အောင်မအိပ်တတ်သည့်ရွှေကူမှာ ကိုကိုကြီးပြန်အိပ်မည်ဆိုသည့်နေ့တိုင်းလိုလို အိပ်ယာဝင်နောက်ကျတတ်ပါသည်။ စံအိမ်ကြီးသဖွယ်ခမ်းနားထည်ဝါလှသည့် ဤအိမ်ကြီးထဲ၌ ရွှေကူသည် အစေခံကဏ္ဏမှပါဝင်လေသည်။

လွန်ခဲ့သည့် ၆ နှစ် ရွှေကူ့အသက် ၁၄ နှစ်ထဲကအလုပ်သမားအဖြစ် ဤရန်ကုန်လိုမြို့ပြကြီးတွင် အဖော်မပါတစ်ကိုယ်ထဲအင်းကျီလေး ငါးစုံကိုကျောပိုးအိပ်လေးထဲထည့်၍ သခင်မကြီးဖြစ်သည့်အန်တီလေးနောက်လိုက်လာခဲ့ရသည်။ ဒီနှစ်တွေရွာမပြန်ဖြစ်ခဲ့သလို ရွှေကူရွာပြန်ဖို့လဲ မတွေးမိခဲ့ပေ။ အဒေါ့်ကျေးဇူးကြွေးတွေများသည်မို့ ရွှေကူအတတ်နိုင်ဆုံးသည်းခံနေ၍ အဒေါ့်ကိုပိုက်ဆံပြန်ပို့ရန်သာ ဆုံးဖြတ်ထားခဲ့သည်။

မှုံဝါးနေသည့်အမြင်အာရုံကြောင့် မျက်မှောင်ကြီးကျုတ်ကာ ရွှေကူအိပ်ယာဘေးမှမျက်မှန်ဘူးလေးထဲမှ အမြင်အာရုံပေးမည့်မျက်မှန်လေးထုတ်ကာ တပ်လိုက်မှကြည်လင်လာသည့်အလင်းတို့နှင့်အတူ ရွှေကူအိပ်ယာတွေသိမ်းကာ ရေအရင်ချိုးလိုက်သည်။ ယခုမနက်မှ မချိုးထားလျှင် ရွှေကူညရောက်မှရေချိုးနိုင်မည်ဖြစ်သည်။

ယခုအသက်ရဲ့ထက်ဝက်လောက်ထဲက တပ်ခဲ့ရသည့်မျက်မှန်မှာလဲ ပါဝါတွေတိုးလာခဲ့ပြီဖြစ်သည်။ အသားလေးကဖြူပေမယ့် ရွှေကူကမပြင်တတ်မဆင်တတ်၍ ရုပ်ဆိုးသည့်ထဲမပါပေမယ့်လဲ ရွှေကူဟာမလှပါပေ။ အမြဲမျက်မှန်တပ်ရသည်ကြောင့် မှန်ကြောင်မလို့ အစခံရပြီးအလှောင်လဲခံခဲ့ရဖူးသည်။ အကုန်လုံးခြုံကြည့်လျှင်တော့ ရွှေကူကမျက်မှန်လေးနှင့် ကြည့်ရဆိုးသည့်ကောင်မလေးပေါ့လေ။

True Love 💭 (Completed)Where stories live. Discover now