အပိုင်း (၁၉) သူက မင်းအမ လား

Start from the beginning
                                    

ရှန်ချန် ဝန်ခံလိုက်သည် ကိုကြားလိုက်ပြီးနောက် ကောင်လေးများသည် ဝါးလုံးကွဲအောင် အော်ရယ်ကြပြီး မေးခွန်းများ စမေးကြတော့သည်။

"ဒါဆို မင်းကျတော့ အရမ်းပိန်ပြီး မင်းအမက အဲလောက်ဝ,နေတာပဲ၊ အိမ်မှာဆို သူက မင်းရဲ့ထမင်းတွေ အကုန်ယူစားပစ်လို့လား"

" မင်းတို့နှစ်ယောက်ကြားက အရွယ်အစားကွာခြားပုံကလည်း အရမ်းကြီးတာပဲ၊ မဟုတ်မှလွဲရော မင်းက မင်းအမေရဲ့သားအရင်းဖြစ်ပြီး ရှန်ယွဲ့ကို ဝက်ကနေမွေးလာတာလား"

" ဝက်မက ဝက်ကနေမွေးလာတာဆိုရင် အဓိပ္ပါယ်ရှိသွားပြီ"

"ပြီးတော့ မင်းက အဆင့်၁ကျောင်းသား၊ မင်းအမကျတော့ နောက်ဆုံး၊ ဒါကြီးက အရမ်းရယ်စရာ ကောင်းမနေဘူးလား၊ ဟား ဟားဟား"

ကောင်လေးများ၏ ရှန်ယွဲ့အပေါ် မထိန်းမသိမ်းလှောင်ပြောင်သံကို ကြားလိုက်ရပြီးနောက် ရှန်ချန်၏မျက်နှာသည် မဲမှောင်သွားပြီး သူ့အသံမှာ အနည်းငယ်ဒေါသထွက်လာတော့သည်။

" ကျေးဇူးပြုပြီး ပိုလေးစားပေးပါ၊ မင်းတို့တွေ ငါ့အမကို အဲလိုပြောနေတာ မကြိုက်ဘူး"

" အာ... အေးပါ ငါတို့ မင်းအမကို လေးစားပါမယ်"

ခေါင်းဆောင်ကောင်လေးသည် အခိုက်တန့်တွင် အံ့ဩသွားပြီးနောက် သူသည် ချက်ချင်း ထရယ်လိုက်လေသည်။

" ဟား ဟား ဟား အဆင့်၁ကျောင်းသားက သူ့အမကို အဲလောက်ကာကွယ်ပေးလိမ့်မယ်လို့ မထင်ထားဘူး"

" အဟမ်း စိတ်မဆိုးပါနဲ့ ဉာဏ်ကြီးရှင်ရယ်၊ ငါတို့က မင်းကို ပစ်မှတ်မထားပါဘူး၊ ငါတို့က အမှန်ကို ပြောပြရုံလေးပါ"

နောက်ကောင်လေးတစ်ယောက်က လက်ယမ်းပြကာ ရှင်းပြလိုက်လေသည်။ သူတို့သည် ရှန်ချန်၏အိမ်စာကို ကူးချရန် မကြာခဏ ငှားတတ်လေသည်။ ထို့ကြောင့် သူတို့သည် ရှန်ချန်အား ဒေါသထွက်အောင် အလွန်အကျွံမလုပ်ပေ။

သို့သော်ငြား သည်စကားလုံးများသည် ရှန်ချန်၏နားထဲတွင် ပေါ်တွင် မကောင်းပြောကာ လှောင်ပြောင် နေသည့်စကား ဖြစ်နေလေသည်။ သူသည် မတ်မတ်ရပ်လိုက်ပြီး အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်၏။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now