Part-27(uni)

13 2 2
                                    

ဆောင်းတွင်းရောက်လာသည်နှင့်အမျှ ရာသီဥတုဒဏ်ကပို၍အေးလျက် ရှိသည်။တောင်ကုန်းအမြင့်ကလေးပေါ်သို့ ရောက်လို့လာမှန်းတောင်မသိပဲ ရောက်လာမိသည်။ဘယ်ကိုများရောက်နေပါသလဲ။အစဉ်အမြဲသတိရလျှက်ရှိနေသော်လည်း ထိုဘက်ကရမည်လော။

"ကျွန်တော်တို့တွေ missionကိုဒီတစ်ပတ်အတွင်းလုပ်မှရပါမယ်ဆရာ"

"...."

"သူတို့ဘက်က ကလေးတွေကိုရောင်းစားဖို့လုပ်နေတာကရပ်တန့်မသွားပဲပိုဆိုးလာပါပြီBoss"

"ကောင်းပြီ။ဒီညနေစမယ်"

ကိုယ်တိုင်တောင်မျက်လုံးပြူးမိသည်။ဒီညနေ ဘာမှတောင်မပြင်ဆင်ရသေးပဲ ဒီညနေတဲ့။သို့သော်မလုပ်၍လဲမရ အချိန်တစ်မိနစ်သာကြာနေသေးလျှင် ကလေးတွေအတွက်အသက်အန္တရာယ်ကစိုးရိမ်ရသည်။

ဒုန်း....
ကျယ်လောင်သော တံခါးဖွင့်သံနှင့်အတူ ဝင်ရောက်လာသောလူတစ်စုကြောင့် နမ့်စိုင် မှာမျက်လုံးအပြူးသားပင်။ဒီနေရာကတော်ရုံလူမသိနိုင်သောနေရာပင်။

"မင်းတို့က ဘာကောင်တွေမလို့ ငါ့နေရာထဲရောက်လာရဲတာလဲ"

"ဟားးးရွှေချထားဖို့ကောင်းတဲ့ပါးစပ်ပဲကွ"
ဖြောင်းး
အငိုက်မိသွားသောတစ်ချက်၌ မိမိမျက်နှာပေါ်ကျရောက်လာသော လက်ဖဝါးအားသတိမပြုမိ။

"Lucas မင်းတို့တွေက ကလေးတွေကိုသွားရှာခဲ့ချေ"

"ဟုတ်ကဲ့Boss"

"ဟေ့ကောင်တွေ ရပ်ကြည့်မနေကြနဲ့လေ။ပစ်ကြ"
ဒိုင်း!သူတို့ဆရာအသိပေးသံကြားမှ သတိရလာဟန်တူသော တစ်ကောင်မှာ စတင်ပတ်ခတ်လာသည်။ရှောင်လိုက်သော်လည်း ရုတ်တရက်အနေထားမို့ လက်မောင်းအားရှပ်ထိမိသွားသည်။အချိန်ကြာအောင်ပင်စောင့်မနေတော့ပဲ မိမိရှေ့မှသူတို့ဆရာဆိုသည့်ကောင်၏ ရင်ဘတ်အား အားဖြင့်စောင့်ကန်လိုက်သည်။အရှိန်နှင့်လဲကျသွားသောအခိုက် ပြန်မထနိုင်အောင် ခြေထောက်ဖြင့် အပေါ်စီးမှနေ၍ ဖိထားလိုက်သည်။

"အဟွတ် အဟွတ် မင်း မင်းကဘယ်သူလဲ"

"ဟက်...ငါလား မင်းကိုဆုံးမပေးမဲ့ကောင်"

"Boss ကလေးတွေကိုရှာတွေ့ပါပြီ။ဒီကောင်တွေရဲ့ဘိန်းဖြူတွေကိုလဲဖျက်စီးပြီးပါပြီ။"

"ကောင်းပြီ။ကဲ မင်းကိုတော့ဒီတစ်ခါခွင့်လွှတ်လိုက်မယ်။နောက်တစ်ခါဒီလိုတွေထပ်လုပ်ရင် မင်းအသတ်တခါတည်းပျောက်မယ်။"

"အော် ဒါနဲ့ ခုဏကငါ့ကိုပစ်တာ မင်းမဟုတ်လား"
မိမိအားသေနတ်နဲ့ပစ်ရဲသူကိုတော့ဆုံးမခဲ့သင့်တယ်မဟုတ်လား။
ဒိုင်းး သေနတ်သံအဆုံးနောက် ကြမ်းပြင်ပေါ်သို့ပစ်လဲပျသွားသော လူတစ်ယောက်....။
~~~~~~~
💌💌
"မအိပ်သေးဘူးလား ညီ"
"ဟုတ်"
"ဒီနှစ်ကူးကျရင်ပြန်လာဖြစ်မယ်"
"တကယ်လား"
"တကယ်ပေါ့"
"ဟုတ်"

နှစ်ကူး နှစ်ကူးဆိုတော့ တစ်ပတ်ပဲလိုတော့တယ်။ဒီနှစ်ကုန်ကိုတူတူဖြတ်သန်းချင်ပါရဲ့။

*သူ့ဘာသူပြန်လာမှာကို မင်းကဘာလို့ပျော်နေရတာလဲ အိန္ဒြေရှိရှိနေစမ်း မင်းရှိန်းဇခန့်*
တလှပ်လှပ်ခုန်လာသောမိမိနှလုံးသားကြောင့် အရှက်တော့အကွဲမခံနိုင်ပါ။အဖြောင့်ဟုကြေငြာထားပြီးသားပင်။

"ဟျောင့်တွေ ဒီနေ့သင်သွားတာတွေကိုနားလည်လိုက်ကြလား"

"ဟင့်အင်း မင်းတို့ရော ငါကတော့ဘယ်ဟာသင်သွားလဲတောင်မသိလိုက်ဘူး ရှိန်း မင်းရော"

"နားလည်တယ်"

"ဟာ ဟိုက်ပါကြီး ကူပါဦးကွာ။စာမေးပွဲကနီးနေပြီ"

"ကိုယ့်ဘာကိုလိုက်မကြည့်ကြပဲ မကူဘူး"

တစ်ယောက်တစ်ပေါက်ငြင်းခုန်ရင်း ပျော်ရွှင်မိကြပြန်သည်။ဒီလိုမပျော်ရတာလဲကြာပြီ။စိတ်လွတ်ကိုယ်လွတ်ရှိရမဲ့အချိန်တွေကတကယ်ကို ပြန်ရောက်လာခဲ့ပြီပဲ။

ထို့နောက် မိမိတို့၃ယောက်သား အိမ်ကိုသာတန်းပြန်လာခဲ့ကြတော့သည်။

"ကဲ ဒီနေ့တော့ငါချက်ကျွေးမယ်ကွာ"
ရောက်ရောက်ချင်း ကောင်း ၏အပြောကြောင့် ကျန်သူနှစ်ယောက်မှာပါးစပ်အဟောင်းသားပင်။

"ဘာထူးဆန်းနေတာလဲ ငါချက်ကျွေးမှာပါဆို"

"မင်းကဘယ်တုန်းကချက်တက်သွားတာလဲ"

"ဒီလိုပါပဲ မရှည်နဲ့မစားဘူးလား"

"ဟဲဟဲ စားမှာပေါ့သဲလေးရဲ့"

"ီး ကိုသဲလေးမခေါ်စမ်းနဲ့"

ကောင်း သည် သူ့အားထိုသို့ခေါ်လျှင်မကြိုက် သို့သော် မိမိနှင့် ရှိန်းမှာစမြဲပင်။
~~~~~~~~~
#Ta

ဇာတ်လမ်းကအရမ်းပေါ့နေလားဟင် ဖတ်ရတာ..😭

သိပ်ချစ်တာမင်းသိပါစေΌπου ζουν οι ιστορίες. Ανακάλυψε τώρα