Part-15(uni)

38 1 0
                                    

တီ!တီ!တီ!!!!
အိပ်ပျော်ခါနီးမှ ဝင်လာသောဖုန်းကြောင့် ငိုချင်မိသည်။ဘာအပြစ်တွေများရှိလို့ ကောင်းကောင်းမအိပ်ရတာပါလဲ။
ပွစိပွစိပြောရင်း ခုံပေါ်မှ ဖုန်းလှမ်းယူပြီးနောက် Screen ပေါ်၌ပေါ်နေသော Nick Name လေးကြောင့် အိပ်ချင်စိတ်ဟာ လျော့ကျသွားသည်အလား။

"Hello,ကျွန်တော်အိပ်တော့မလို့ကို ကိုလင်းမြတ်သုတတို့က တကယ်ဖျက်တယ်ဗျာ"

ဖုန်းကိုင်ကိုင်ချင်းပင် ညည်းညူလာသောသူ့ကလေးကြောင့် ရယ်ရခက်ငိုရခက်။

"ကိုယ်ကတော့သတိရနေတာ သူကတော့ပစ်ထားတယ်။"

"ဘောကို သတိရပါလား ခင်များရည်းစားကြီးရှိတာ သွားပြောပါလား။"

"ကိုယ့်ရည်းစား ဘယ်သူလဲ။ကိုယ်တောင်မသိဘူး"

"ဟိုနေ့ကခင်များရည်းစားမဟုတ်လို့ ခင်များကြီးတော်ကြီးလား"

"သူကကိုယ့်ညီမလေးလိုပါ အိမ်ကပေးစားနေပေမဲ့ ကိုယ်ကညီမလေးလိုခင်တာပါ။သဝန်တိုနေတာလား မင်းလေးက"

"-ီးကိုသဝန်တိုရမှာလားဗျ။ကျွန်တော်ကဖြောင့်တာမှ ရေတောင်မရောဘူး။"

"ဟားဟား....တကယ့်စွာတေးလန်လေးပဲကွာ။အခုတော့vcလေးဖွင့်ပါလားကွာ။မျက်နှာလေးမြင်ချင်လို့။

"ခင်များ အလုပ်ချည်းပဲ ခဏစောင့်"

"ဟွန့် မဖွင့်မှာလဲမဟုတ်ပဲနဲ့ ပဲကလာများနေသေး"
ထိုစကားအား တစ်ဖက်မှစွာတေးလန်လေးကတော့ ကြားမည်မဟုတ် ကြားလျှင်လည်း vcဖွင့်မပေးမဲ့ သဘောမှာရှိတယ်။

"ဒီရက်ကလေးအတွင်းမှာ မင်းလေးမျက်နှာလေးက ချောင်ကျသွားတာပဲ။ ဒါနဲ့ရန်ကုန်ကို ချက်ချင်းထပြန်သွားရတာဘာလို့လဲဟင်။"

သူ့အမေးကြောင့် မျက်နှာညှိုးသွားသော်လည်း ဟန်ဆောင်ကောင်းသူပီပီ ပြန်ပြီးထိန်းလိုက်နိုင်သောလည်း လင်းမြတ်သုတ၏ မျက်စိလျင်မှုအား မဖုံးဖိနိုင်။

"မာမီဆေးရုံတတ်နေရလို့"
"ဟုတ်လား။သက်သာရဲ့လား"

"ညီ...မင်းရှိန်းဇခန့်...မင်းရှိန်းဇခန့်!"
တစ်ဖက်မှကောင်လေးသည် ဘာကိုတွေးနေသည်မသိ သူခေါ်တာအားတော်တော်ပင်မကြား။အသံမာမာခေါ်လိုက်မှသာ ယောင်ယောင်ငမ်းငမ်းပြန်ထူးလာသည်။

"ဟင်....အင်း.."
"သက်သာရဲ့လားလို့"
"ကိုလင်း မာ..မာမီ မာမီကသွေးကင်ဆာတဲ့"
ရုတ်တရက်ဆောက်တည်ရာမရ ပြန်ဖြေလာသော သူ့ကလေးငယ်ကြောင့် အခြေနေတစ်ခုအားရိပ်မ်လိုပ်သည်။

"ဘာမှမဖြစ်ပါဘူးကလေးရ။မင်းမာမီကသန်မာပါတယ်။မင်းလေးကအဲ့မှာပြုစုပေးထား ကိုယ်ကဒီမှာမင်းလေးတို့စာသင်တဲ့ကိစ္စတာဝန်ယူကူးထားပေးမယ်"

"ကျွန်တော်သန်ဘက်ခါလောက်ပြန်လာမှာ ကိုလင်း။"
"ဟုတ်ပါပြီဗျာ။ကဲအခုတော့အနားယူတော့နော်။အိပ်ရေးဝအောင်အိပ်"
"ကိုလင်း"
"ဗျာ"
"ဖုန်းကိုအဲ့တိုင်းလေး ကိုင်ထားပေးပါလားဟင်"
"ဟုတ်ပါပြီဗျာ့။မင်းလေးကတော့အခုအိပ်တော့နော် ကိုယ်ဖုန်းကိုင်ထားပေးမယ်။"

ဖုန်းကိုင်ထားရတာကမည်မျှမှအပန်းမကြီး။ဒီကလေးငယ်အတွက်ဆိုရင် မီးခဲတွေကိုလဲစုပ်ကိုင်ထားနိုင်ပါတယ်။အခုအချိန်သည်လည်း သူ့ကလေးအနားသူရှိနေမှပင်။ဒီကလေးက တွယ်တာတတ်တာသူအသိဆုံးပင်။

"ကိုယ်ပေးတဲ့အချစ်စစ်တွေကြောင့် မင်းလေးရဲ့ဘဝမှာ အစစ အရာရာအဆင်ပြေပြီး ခလုတ်မထိ ဆူးမငြိပါစေနဲ့ ကိုယ့်နေကြာ"

အိပ်မောကျနေသော သူ့ကလေးငယ်အားကြည့်၍စကားဆိုမိသည်။ဒီကလေးငယ်က သူ့ကိုရုန်းမထွက်နိုင်အောင် ပြုစားနေတဲ့ရပ်ဝန်းလေးပါပဲ။

~~~~~~~~~~
"အားးးး....လွမ်းလိုက်တာ မန္တလေးရယ်"

ကားပေါ်မှဆင်းဆင်းချင်း အပျင်းကြောဆန့်ကာ တက်ကြွနေသော မင်းရှိန်းဇခန့်အား မင်းမြတ်ခန့်မှာစချင်လာပြန်သည်။သူတို့ပြန်လာမည်ဆိုကတည်းက သူလာကြိုမယ်လုပ်နေလို့ လင်းမြတ်သုတ လာအကြိုကိုစောင့်ပြီးပြန်လာလိုက်ကြသည်။စချင်နေသော ခန့်မှာ လင်းမြတ်ပါလာသည်ကြောင့် ပိုစရကောင်းနေသည်။

"ဪ....တစ်ချို့တွေများနော် ဖုန်းကိုင်ပြီးအိပ်ရတာနဲ့။မန္တလေးကိုလွမ်းတယ်ဆိုပြီး မန္တလေးသားကိုလွမ်းနေပြီးတော့များကွာ"
"ဖြောင်းးး!!!"
"-ီးမို့းရိုက်တာလား။နာတယ်ကွ"
"မင်းကစောက်ပိုတွေပြောနေတာကို။ကိုယ့်အထုပ်တွေဆွဲလာကြ။ခင်များကရော ဘာရပ်ကြည့်နေတာလဲ။ကားရပ်ပြီး အိမ်ထဲဝင်တော့။"

ရုတ်တရက်သူပါ အဟောက်ခံလိုက်ရသောကြောင့် လင်ရမြတ်မှာ ကြောင်တောင်တောင်ဖြစ်သွားလေသည်။

"စိတ်ဆိုးရင် ဒီလိုလဲပတ်ရမ်းတတ်သေးတာလားဟ။ဒါပေမဲ့ အဲ့လိုလေးကလည်း ချစ်စရာလေး"

#Ta
ယူတို့မှာ ဘာနေနေချစ်ပေးမဲ့သူမရှိဘူးမဟုတ်လား။မနက်အစောကြီး လာရှို့လိုက်သည်။🙇🏼‍♀️ ဖောလိုးလေးတွေလဲအလှူခံပါတယ်ချင်။

သိပ်ချစ်တာမင်းသိပါစေWhere stories live. Discover now