Part-17(uni)

13 1 1
                                    

အမှောင်ထုထဲ၌ပြေးလွှားနေသော ကောင်ငယ်လေးတစ်ယောက်။အသက်အားဖြင့် ၁၈/၁၉အရွယ်ပင် မောကြီးပန်းကြီးနှင့်ပြေးနေရင်းက သူ့အရှေ့၌တံခါးပေါက်၃ပေါက်အားတွေရသည်။

"ဒီတံခါးတွေထဲကမှ မင်းအနေနဲ့တစ်ချပ်သာရွေးခွင့်ရှိမယ်။တံခါး၃ချပ်မှာ တစ်ချပ်ကမင်းကဝိဥာဉ်အဖြစ်တစ်လတိတိနေထိုင်ပြီး သေဆုံးပြီးသားလူတွေကိုသူတို့ရောက်ရမဲ့ကမ္ဘာကိုလိုက်ပို့ရမယ်။နောက်တစ်ချပ်ကတော့ မင်းသေဆုံးမယ်။နောက်တစ်ချပ်ကတော့မင်းအခုအခြေနေကနေလွတ်မယ်။"
"ကျွန်တော်....ကျွန်တော်ကဘယ်လိုရွေးရမှာလဲဗျ"

"ဒါကတော့မင်းရဲ့စိတ်ပေါ်မှာပဲမူတည်တယ်ကောင်လေး။မင်းသေလို့မဖြစ်သေးဘူး မင်းမှာလှပပြီးထူးခြားတဲ့ အနာဂတ်တွေရှိသေးတယ်"

"ဟုတ်တယ်ငါ..ငါသေလို့မရသေးဘူး။ငါသူ့ကိုချစ်ကြောင်း ဖွင့်မပြောရသေးဘူး။ကိုလင်းကစုံဂဏန်းကိုကြိုက်တာ ငါစုံဂဏန်းကိုရွေးရမယ်။"
စိတ်ထဲ၌စကားလုံးများကို ပလုံစီအောင်ပြောကာတံခါးပေါက်တစ်ခုအားပြေးဝင်သွားသည်။"

~~~~~~~~~~~
"လူးဝစ်ငါအဲ့ကောင်ရဲ့အချက်လက်တွေအကုန်လိုချင်တယ် ပြီးတော့အဲ့ကောင်ကိုရှင်လျက်မြင်ချင်တယ်"

"ကိုယ့်ကမ္ဘာလေးကို ကိုယ်မကာကွယ်ပေးနိုင်ခဲ့ဘူးကလေးရယ် ကိုယ်အဲ့ကောင်ကိုပြန်ခံစားရအောင်လုပ်ပေးမယ်"

"အ...အင့်...ထွီ မင်း...မင်းတို့ကဘယ်သူတွေလဲ"

"ရောက်လာပြီပဲ ငါ့လူကိုတောင်မင်းကထိရဲသေးတာပဲ။ငါလုပ်တာတော့ခံရမှာပေါ့မဟုတ်လား။ငါဘယ်သူလဲပြီးရင်ပြောပြမယ်"

ထို့နောက်JAXသည် နံရံတစ်ခုဘက်သွားကာ နံရံတွင်စီရီထားသော လက်နက်များအား ထိကာ ထိုအထဲကမှဓားအတို တစ်ချောင်းကိုယူ၍ ထိုဓားအရင်းမှအစွန်းထိ လက်ညှိုးနှင့်လက်မထိကပ်ကာ ပွတ်ဆွဲပြီးနောက် ပြုံးလိုက်သည်။ဇောက်ထိုးချိတ်ထားသော ထိုလူအရှေ့၌ရပ်ကာ

"ဦးမာန်ထည်တပည့်တွေမဟုတ်လား ဟားဟား မင်းတို့ကမထိရမဲ့လူကိုလာထိတာပဲ"
ထို့နောက် ထိုလူ၏လက်မောင်းနားကိုဓားဖြင့်ရှပ်လိုက်သည်။

"ငါကတော့လက်နဲ့တခါမှမထိဖူးတာကို မင်းတို့ကလာထိတယ်ဟုတ်လား ဟမ်!!လူးဝစ်ငါ့ကို ရှိန်းရဲ့ဆေးရုံမတက်ခင်ကပုံပြစမ်း"

လူးဝစ်လဲလက်ထဲအသင့်ကိုင်ထားသော MacBookမှမင်းရှိန်းဇခန့်ပုံရှာကာ...

"ဒီမှာပါဆရာ။"

"ဒူးလဲပွန်းသွားတာပဲ မင်းရဲ့ဒူးလဲဒီလိုအပွန်းခံရမှာပေါ့ ငါတခြားပစ္စည်းသွားရွေးပေးမယ်။"

နံရံဘက်ပြန်လာကာ အရင်ကခုံတွေကိုကောပတ်စားရာ၌အသုံးပြုသော ပစ္စည်းကိုယူလာကာ ထိုလူ၏ဒူးအားအကြိမ်ကြိမ် သွေးထွက်သည်ထိပွတ်တိုက်နေလိုက်သည်။မခံမရပ်နိုင်အောင် အော်သံကြားရမှရပ်လိုက်ကာ ခဏနားလိုက်သည်။ထို့နောက် မင်းရှိန်းဇခန့်ဒဏ်ရာရခဲ့သည့် နေရာမှန်သမျှကို သေချာကြည့်ကာ အပြင်၌လည်း ထိုသည်၏ ခန္ဓာကိုယ်အား ထိုနည်းတူလိုက်လုပ်နေသည်။

"လူးဝစ် ဒီကောင့်ကို သူ့ရဲ့ဆရာဆီပြန်ပို့ပေးလိုက်"
ထွက်သွားပြီးမှ ပြောစရာကျန်သေးတာကိုသတိရ၍ ထိုလူဘက်လှည့်ကာ

"ဪ ဒါနဲ့ JAXက သူ့လူကိုထပ်ထိတာနဲ့ ဂိုဏ်းတစ်ခုလုံးပျောက်အောင်လုပ်ပြမယ်လို့ ထွီ"

~~~~~~~~~~~~
လင်းထိန်နေသော နေရာတစ်ခု၌ လူ၄ယောက်သည် ရပ်လျက်ရှိနေကြသည်။ထိုလူများမှာ ဦးမဟာခန့် သိုက်ကောင်းခန့် မင်းမြတ်ခန့် တို့ဖြစ်ကြသည်။

"ဆရာဝန်တွေက အခုထိအဖြေမရသေးဘူးလား"
လင်းမြတ်အစချီ၍ မေးလာသောမေးခွန်းအား ဦးမဟာခန့်မှာ အားပျော့စွာဖြင့်ပြန်ဖြေလာသည်။

"ဆရာဝန်ကဒီနေ့ စောင့်ကြည့်လို့မှ သတိမရရင် ခွဲစိတ်ကြည့်ရမယ်တဲ့။ဒါနဲ့ ဟိုကိစ္စရောဘယ်လိုအခြေနေမှာရှိနေလဲ။"

"အဲ့ကိစ္စကတော့ စိတ်မပူပါနဲ့။မင်းရှိန်းဇခန့် ပြန်သတိရလာရင် သူတို့လာတောင်းပန်လိမ့်မယ်"

"ကိုလင်းက ဘယ်သူလဲပြောပြလို့ရပြီလား ကျွန်တော်တို့ကိုလျှိုမထားပါနဲ့"

သိချင်ဇောဖြင့်မေးလာသော ကလေးနှစ်ယောက်အားကြည့်၍ လင်းမြတ်နှင့်အတူ ဦးမဟာခန့်ကပါ ပြုံး၍လာသည်။

"အန်ကယ်ကပဲပြောပြလိုက်ပါ"

"ဒီလို ငါ့သားတို့ရေ မင်းတို့သိချင်နေတဲ့သူက"

#Ta
taတစ်ယောက်အခုတလောတော်တော်လေးစိတ်ဓာတ်ကျနေလို့မရေးဖြစ်တာပါ။သိတဲ့အတိုင်း Taအချစ်ရဆုံးအဆိုတော်ကို အဲ့လိုတွေပြောနေတော့.....

သိပ်ချစ်တာမင်းသိပါစေWhere stories live. Discover now